အသင်းက ပုံမှန်ခြေစွမ်း ပြန်ရလာလိမ့်မယ်ဟု ရန်းဒါးကို အနိုင်ရအပြီး ပြောကြားလိုက်တဲ့ ရော်ဂျာ
10:17 AM, 18 February
လက်စတာစီးတီးအသင်းဟာ ယူရိုပါကွန်းဖရန်စ်လိဂ် ရှုံးထွက်ပကျော့တွင် ဒိန်းမတ်ကလပ် ရန်းဒါးစ်ကို ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ လွတ်မန်းရဲ့ ပေးပို့မှုကနေ ကွင်းလယ်လူ အမ်ဒီဒီက လက်စတာအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးတွင် မီစထရာတီက ချေပဂိုး ရန်းဒါးအတွက် ပြန်သွင်းခဲ့ပေမယ့် ဟာဗေးဘန်းစ်က လှပတဲ့ အဆုံးသတ်ဖြင့် ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒါကာက တတိယဂိုး သွင်းယူခဲ့ပြီး ကွင်းလယ်လူ ဒူးဘူရီဟောလ်က အီယန်နာချိုရဲ့ လုပ်အားကောင်းကောင်းနဲ့ကစားရာကနေ စတုတ္ထဂိုး ထပ်ရပါတယ်။
ယူရိုပါလိဂ်အုပ်စုတွင် တတိယနေရာသာ ရပြီး ကွန်းဖရန်စ်လိဂ် ဝင်ကန်ရခြင်းအပေါ် ပြိုင်ပွဲအကြောင်းကို သေချာမသိခဲ့ဘူးလို့ နည်းပြရော်ဂျာက ဖွင့်ဟခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လက်စတာအသင်းဟာ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်သွားခဲ့ပြီး ဒိန်းမတ်တွင် ကစားမယ့် ဒုကျော့ပွဲကိုလည်း အဆိုပါလူစာရင်းအတိုင်း ဆက်လက်ကစားဖွယ် ရှိပါတယ်။
အနိုင်ရရှိတဲ့အသင်း ရှုံးထွက်၁၆သင်း အဆင့်ကို တက်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွင် အနိုင်ရမယ်ဆိုပါက လက်စတာက လာမယ့်နှစ် ယူရိုပါလိဂ်ပြိုင်ပွဲသို့ ဝင်ခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။ လက်စတာအတွက် စိုးရိမ်စရာက အဓိကကွင်းလယ်လူ မက်ဒီဆင်ဟာ ဒုတိယပိုင်းတွင် ဒဏ်ရာရကာ လူစားလဲခဲ့ရပါတယ်။
“သူ နေရတာ မသက်သာလို့ကျွန်တော်တို့လူစားလဲလိုက်ပါတယ် သူ ဆေးအဖွဲ့နဲ့ ရှိနေပါတယ် သူ အဆင်ပြေပါတယ်”ဟု ရော်ဂျာက ဆိုသည်။
ဒီပွဲမတိုင်ခင် “လက်စတာဟာ ပြိုင်ပွဲစုံ ၅ပွဲတွင် နိုင်ပွဲ လုံး၀ မရခဲ့ပါဘူး။ အသင်းက ပုံမှန်ခြေစွမ်းကို ပြန်ရောက်လာမှာပါ အချိန်တစ်ခုတော့ လိုပါတယ် ကစားသမားတွေလည်း ပြန်လာနိုင်မှာပါ။ အသင်းရဲ့ အင်အားကောင်းမွန်ပြီး စုစည်းမှု ဖြစ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ လက်ကျန်ရာသီအတွက် ကျွန်တော်တို့ရည်မှန်းချက်က တတ်နိုင်သမျှ လိဂ်မှာ အမြင့်ဆုံးအဆင့်နဲ့ အဆုံးသတ်ဖို့ပါ။ ဆက်ပြီး တိုးတက်ရမယ် ကစားသမားတွေကိုလည်း ပြန်ရနိုင်မယ်။ တတ်နိုင်သမျှ အတောင့်တင်းဆုံးနဲ့ အဆုံးသတ်ချင်တယ် လာမယ့်ရာသီအတွက်လည်း ဒါတွေကို သယ်ဆောင်သွားမယ်။ ဒီပြိုင်ပွဲမှာတော့ အားလုံးက အနိုင်ရချင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲ”ဟု ရော်ဂျာက ပြောကြားသွားခဲ့ပါတယ်။