ရှေ့သို့
Image

ဇယားအောက်ဆုံးက လီဗန်တေးကို အံ့အားသင်ဖွယ် ရှုံးနိမ့်ခဲ့တဲ့အပေါ် စိတ်ပျက်နေကြောင်း ဆီမြွန်နီ ဝန်ခံ

2:58 PM, 17 February

ဒီယေဂို ဆီမြွန်နီက လီဗန်တေးကို ယမန်နေ့ညက အံ့အားသင့်ဖွယ် ရှုံးခဲ့ပြီးနောက် သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းဟာ ဂီတာဖေးကို ၄-၃နဲ့ နိုင်ခဲ့ပြီးနောက် ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ခဲ့ပေမဲ့ ယမန်နေ့ညကတော့ မီလီရိုရဲ့ သွင်းဂိုးကြောင့် အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

အက်သလက်တီကိုတို့ ယခုအချိန်မှာတော့ ဘာစီလိုနာရဲ့ အောက်မှာ ဆက်ရှိနေခဲ့ပြီး ဘာကာအနေနဲ့ ပွဲကျန်ကိုသာ နိုင်အောင် ကစားနိုင်ခဲ့ရင် ၃မှတ်ဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။ ယမန်နေ့ညက စွမ်းဆောင်ရည်က ပြီးခဲ့တဲ့ ပိတ်ရက်က စွမ်းဆောင်ရည်နဲ့ ဘာမှ မဆိုင်တော့ပဲ လက်ရှိချန်ပီယံအနေနဲ့ စိတ်ပျက်ဖွယ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဆီမြွန်နီက “ကျွန်တော်တို့ ပွဲကို ဆိုးဆိုးရွားရွား ကစားခဲ့တာပါ။ ကျွန်တော်တို့ လာလီဂါမှာ ကောင်းမွန်တဲ့ အခြေအနေကို ပြန်ရောက်နိုင်မယ့် လှပတဲ့ အခွင့်အရေးတစ်ခုကို ဆုံးရှုံးခဲ့ပြီး စိုးရိမ်စရာ အခြေအနေမှာ အားထုတ်ရပါတော့မယ်”“ရှုံးပွဲတွေက အမြဲနာကျင်ရပါတယ်။ အဲ့ဒါက ကျွန်တော့်နောက်က လိုက်နေပြီး နာကျင်စေပါတယ်။ ဒီနေ့တော့ နားပြီး မနက်ဖြန်မှာ ကျွန်တော် ထင်မြင်တာတွေကို အချိန်တစ်ခုထိ ပြောသွားမှာ ဖြစ်ပြီး သူတို့ ဘယ်လိုခံစားနေရတယ်ဆိုတာ ကြည့်သွားမှာပါ”

“ဒီအသင်းက ပွဲတွေမတိုင်ခင် စိတ်လှုပ်ရှားမှု၊ တက်ကြွမှု အပြည့်နဲ့ ဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့ ပြင်းထန်စွာ ကစားပြီး နိုင်ပွဲ၁ခု ရတာကနေ ဒီပွဲကို ဆက်ကစားခဲ့ရတာပါ။ ဒါကို ဘယ်လို အခွင့်ကောင်းယူရမယ်ဆိုတာ မသိတာကြောင့် ခုပြီးပြီး အားထုတ်ရပါတော့မယ်”လို့ ဆိုခဲ့ပါတယ်။

အဆင့်၄နေရာနဲ့ ပတ်သက်ပြီး ဆီမြွန်နီက “လူတွေကို အကုန်လိုက်ပြောနေလို့ မရပါဘူး။ တစ်ဖက်မှာလည်း သူတို့ အသင်းမှာ တိုးတက်နေတဲ့ အရာတွေကို ရှာဖွေနိုင်ဖို့ နီးစပ်နေပါပြီ။ အဲ့ဒါက အမှန်တရားပါပဲ။ လူတွေက မဖြစ်နိုင်ဘူးလို့ ထင်ကြပေမဲ့ စကားတွေချည်း ပြောနေတာက ပျင်းဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ကြီးမားတဲ့ အခွင့်အရေးကို ဆုံးရှုံးခဲ့တာ ဖြစ်ပြီး တိုးတက်ဖို့ အောက်ကျို့ပြီး နည်းလမ်းတွေ ရှာရပါမယ်”လို့ ဆိုခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ လာမယ့်ပိတ်ရက်မှာ အိုဆာဆူနာနဲ့ ဆက်ကစားရမှာ ဖြစ်ပြီး လာမယ့်အပတ် ကြားရက်မှာတော့ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပွဲကြီးပွဲကောင်း ကစားရမှာ ဖြစ်ပါတယ်။

#လာလီဂါ #အက်သလက်တီကို #လီဗန်တေး #ဆီမြွန်နီ