ရှေ့သို့
Image

လီဗာပူးသမိုင်းတလျောက် ချန်ပီယံလိဂ်တွင် ပွဲထွက်တဲ့ အသက်အငယ်ဆုံး ကစားသမား

2:56 PM, 17 February

ဗုဒ္စဟူးညက အင်တာမီလန်နဲ့ကစားတဲ့ လီဗာပူးရဲ့ ပွဲထွက်လူစာရင်းတွင် ပါဝင်လာပြီးနောက် ဟာဗေးအီလီယော့ဟာ စံချိန်တစ်ခု တင်ခဲ့ပါတယ်။ အသက်၁၈နှစ်အရွယ် အီလီယော့ဟာ ဆန်စီရိုတွင် ကစားတဲ့ ချန်ပီယံလိဂ်ပွဲတွင် ပထမဆုံးအနေနဲ့ ဥရောပ ပွဲကစားခွင့် ရခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အတွင်း လူငယ်တိုက်စစ်အားသန်ကစားသမားလေးဟာ ပြိုင်ပွဲစုံတွင် လီဗာပူးအတွက် ၇ပွဲ ပွဲထွက်ထားပါတယ်။ စံချိန်ကတော့ အသက်၁၈နှစ် ၃၁၈ရက်ဖြင့် အီလီယော့ဟာ အာနိုးရဲ့ စံချိန်ကို ချိုးဖြတ်ပြီး လီဗာပူးသမိုင်းတလျောက် ချန်ပီယံလိဂ်တွင် အသက်ငယ်ဆုံးပွဲထွက်သူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အာနိုးရဲ့ စံချိန်ကတော့ ၂၀၁၇ခုနှစ်က စပါးတပ်မော်စကိုနဲ့ ကစားတဲ့ ပွဲတွင် အသက်၁၈နှစ်နှင့် ၃၅၄ရက် ဖြစ်ပါတယ်။ ဂျာဂင်ကလော့ပ်ဟာ အီလီယော့ကို ပရီးမီးယားလိဂ်ရာသီအစကတည်းက ယုံကြည်စွာနဲ့ ပွဲထွက်ခွင့်တွေ ပေးခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့် ကြားထဲမှာ ကာလအတန်ကြာ နားခဲ့ရပါတယ်။

ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် စက်တင်ဘာလကနေ ယခုဖေဖော်ဝါရီလ အစောပိုင်းထိ နားခဲ့ရပြီးမှ ပြန်လည် ပွဲထွက်ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အက်ဖ်အေဖလားပွဲ ကာဒစ်ဖ်နဲ့ပွဲမှာ ပထမဆုံး ပြန်ဝင်ကစားခဲ့ပြီး ချက်ချင်းပင် ဂိုးသွင်းယူနိုင်ခဲ့သလို လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း မိနစ်၃၀ ဝင်ကစားခဲ့ပါတယ်။

#လီဗာပူး #အင်တာမီလန် #ချန်ပီယံလိဂ် #အီလီယော့