ရှေ့သို့
Image

အင်တာမီလန်-လီဗာပူး ပွဲအပေါ် လီဗာပူး တိုက်စစ်မှူးဟောင်း အိုဝင်ရဲ့ အပိုင်ခန့်မှန်းချက်

1:04 PM, 16 February

လီဗာပူးအသင်း အနေနဲ့ ယနေ့ည ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ အင်တာမီလန်ကို ဝ-၂ဂိုးနဲ့အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်ဖို့ အရေးကြီးတဲ့နိုင်ပွဲ ရယူလိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အပိုင်ဟောကိန်းထုတ်လိုက်ပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့ပွဲစဉ်အဖြစ် ဆန်စီရိုမှာ စီးရီးအေချန်ပီယံ အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၄ပွဲဆက်အနိုင်ယူကာ ထိပ်ဆုံးက မန်စီးတီးကို ဖိအားပေးဖို့ ကြိုးစားနေပါတယ်။

လီဗာပူးနဲ့အင်တာမီလန်တို့ဟာ ၂၀၀၇-၀၈ ရာသီက ဒီအဆင့်မှာပဲ တွေ့ခဲ့ဖူးပြီး လီဗာပူးက နှစ်ကျော့ပေါင်း ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ကာ ပြီးခဲ့တဲ့ရာသီမှာတော့ ချဲလ်ဆီးကို နှစ်ကျောပေါင်း ၄-၃ ဂိုးနဲ့ အရေးနိမ့်ကာ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပါတယ်။ လီဗာပူးဟာ ယခုရာသီအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆန်စီရိုမှာ အေစီမီလန်ကို ၁-၂ ဂိုးနဲ့ အနိုင်ရထားပြီး အင်္ဂလန်တိုက်စစ်မှူးဟောင်း အိုဝင်က ယနေ့ညပွဲမှာလည်း လီဗာပူးအသင်း ဝ-၂ ဂိုးနဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

''ဆန်စီရိုမှာ ကစားရတာ ဘယ်တော့မှ မလွယ်ကူပေမယ့် အုပ်စုအဆင့်မှာတုန်းက ဆန်စီရိုမှာ အနိုင်ရခဲ့တာက လီဗာပူးကို ကူညီပေးနိုင်ပါတယ်။ အင်တာက စီးရီးအေမှာ အခြေအနေကောင်းနေပေမယ့် ချန်ပီယံလိဂ်မှာတော့ ရီးရဲလ်ကို နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ပါတယ်''''အင်တာဟာ လီဗာပူးရဲ့အနေအထားမျိုး မရောက်သေးဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် လီဗာပူးရဲ့လျင်မြန်တဲ့ကစားဟန်ကြောင့် ရုန်းကန်ရနိုင်ပါတယ်။ လီဗာပူးအသင်း ၂-၀ ဂိုးနဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းချင်ပါတယ်''လို့ အိုဝင်က ပြောပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အေဂျက်စ်၊ ဘိုင်ယန်တို့နဲ့အတူ ပွဲတိုင်းအနိုင်ရတဲ့အသင်းဖြစ်ခဲ့ပြီး အင်တာက ချန်ပီယံလိဂ်မှာ အီတလီကလပ်တွေ နောက်ဆုံးချန်ပီယံဖြစ်ခဲ့တဲ့အသင်းအဖြစ် ၂၀၁၀ ခုနှစ်က နည်းပြမော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့အတူ ဗိုလ်စွဲခဲ့ပါတယ်။

#လီဗာပူး #အင်တာမီလန် #ချန်ပီယံလိဂ် #မိုက်ကယ်အိုဝင်