ရှေ့သို့
Image

ဘရိုက်တန်နဲ့ ပွဲကို ဗာရာနီ လွဲချော်စေခဲ့တဲ့ အဖျားဝေဒနာအကြောင်း ပြောပြလာတဲ့ ရန်နစ်

10:27 AM, 16 February

ရာဖေး ဗာရာနီဟာ ဘရိုက်တန်နဲ့ ပွဲမတိုင်ခင် ညစာစားအပြီး အစာအိမ် ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ယမန်နေ့ည ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ကြောင်း နည်းပြ ရက်ဖ် ရန်နစ်က အတည်ပြုခဲ့ပါတယ်။

ပြင်သစ်သားဟာ ယမန်နေ့ည အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ပွဲစဉ်မှာ ပါဝင်ဖို့ မျှော်မှန်းထားပေမဲ့ ပွဲမတိုင်ခင် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကာ လင်ဒီလော့ဖ်နဲ့ မက်ဂွါရီတို့ ပွဲထွက်လာခဲ့ပါတယ်။ လက်ရှိ အဖျားဝေဒနာက အကြာကြီး အနားယူရမှာ မဟုတ်ပေမဲ့ ဘရိုက်တန်နဲ့ပွဲကိုတော့ လွဲချော်စေခဲ့တယ်လို့ ရန်နစ်က ရှင်းပြခဲ့ပါတယ်။

ရန်နစ်က "ညစာစားတာနဲ့ အသင်းအစည်းအဝေးအပြီး ဟိုတယ်ကို ပြန်ချိန် သူ့မှာ အစာအိမ်ပြဿနာတွေ ရှိလာခဲ့တာပါ။ ကျွန်တော်တို့ သူ တရားထိုင်ပြီး ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ခဲ့ပေမဲ့ နေလို့ထိုင်လို့ မကောင်းတာကြောင့် လင်ဒီလော့ဖ်ကို ထည့်ကစားခဲ့တာပါ"လို့ ပြောခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲ နိုင်ပွဲက ယူနိုက်တက်အတွက် အဆင့်၄နေရာမှာ ဆက်လက် ရပ်တည်နိုင်ဖို့ အရေးပါတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ရန်နစ်ကလည်း သရေပွဲ၃ပွဲဆက်အပြီး နိုင်ပွဲရခဲ့တာဟာ အလွန်အရေးပါကြောင်း ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘရိုက်တန် #ဗာရာနီ #ရန်နစ်