ရှေ့သို့
Image

၆ပွဲဆက် ဂိုးပေါက်ပျောက်မှုကို ရပ်တန့်နိုင်ခဲ့တဲ့ ရော်နယ်ဒိုကို ချီးကျူးမှုပြုလုပ်သွားတဲ့ ရန်နစ်

9:45 AM, 16 February

ရက်ဖ်ရန်နစ်က ယမန်နေ့ ဘရိုက်တန်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြပြီး ယူနိုက်တက်ကို ကူညီပေးနိုင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ချီးကျူးသွားခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲမတိုင်ခင် ရော်နယ်ဒိုတစ်ယောက် ၆ပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့တာကြောင့် စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ တိုမီနေးရဲ့ ပေးပို့မှုကနေ ရော်နယ်ဒိုက ဦးဆောင်ဂိုး သွင်းပေးခဲ့ကာ ရန်းနစ်က ပေါ်တူဂီသားရဲ့ စွမ်းဆောင်ရည်အပေါ်  အထူးချီးကျုးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ရန်နစ်က "သူ့ရဲ့ဂိုးက အရမ်းမိုက်ပါတယ်။ အရေးပါသလို တကယ်ကောင်းတဲ့ ဂိုး၁ဂိုး ဖြစ်ခဲ့ပါတယ်။ အလုံးစံအရဆိုရင် ရော်နယ်ဒိုရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်"
"အင်အားအပြည့်နဲ့ သူအသင်းဖော်တွေအတွက် အမြဲရှိနေတာကြောင့် ပြီးခဲ့တဲ့အပတ်တွေနောက်ပိုင်း သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ဂိုးကလည်း အသင်းအတွက် အလွန်အရေးပါခဲ့ပါတယ်"လို့ ‌‌ပြောခဲ့ပါတယ်။

ဘန်လေ၊ ဆောက်သမ်တန်တို့ကို ၂ပွဲဆက် သရေကျခဲ့ကာ ထိပ်သီး၄သင်း မျှော်လင့်ချက် မှေးမှိန်သွားပြီလို့ ထင်ခဲ့ပေမဲ့ ယမန်နေ့ည ပွဲစဉ်အပြီး ယူနိုက်တက်တို့ အဆင့်၄နေရာကို ပြန်ရောက်လာကာ အဆင့်၅နေရာက ဝက်စ်ဟမ်းကို ၂မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ရန်နစ်က "တကယ့်ကို နိုင်ပွဲကောင်း၁ခု ဖြစ်ပေမဲ့ ကျွန်တော်တို့ ပွဲစဉ်အနည်းငယ် ကစားဖို့ ကျန်ပါသေးတယ်။ ၃ပွဲသရေကျခဲ့ပြီး ၂ပွဲက အိမ်ကွင်းမှာ ဖြစ်တာ‌ကြောင့် ဒီပွဲနိုင်ခဲ့တာက အလွန်အရေးပါခဲ့ပြီး ပထမပိုင်းအပြီး စွမ်းဆောင်ရည်ကလည်း အရေးပါခဲ့ပါတယ်""ကျွန်တော်တို့  ဘောလုံးပေးတာတွေကို တားဆီးပြီး ပြန်လည်ထိုးနှက်နိုင်ခဲ့တာ‌ကြောင့် အရေးပါတဲ့နိုင်ပွဲ ဖြစ်ခဲ့ပါတယ်"လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘရိုက်တန် #ရော်နယ်ဒို #ရန်နစ်