ရှေ့သို့
Image

စပို့တင်းနဲ့ ပွဲစဉ်ကို ဂရီးလစ်ချ် လွဲချော်မယ်လို့ ဂွါဒီယိုလာ အတည်ပြု

1:24 PM, 15 February

မန်စီးတီးအသင်းဟာ ယနေ့ည စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ၁၆သင်း အဆင့်ပွဲစဉ်မှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဂျက် ဂရီးလစ်ချ်မပါပဲ ကစားရမှာ ဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ဗီလာမှာကတည်း ခံစားခဲ့ရတဲ့ ညို့သကျည်းဒဏ်ရာကြောင့် စနေည နောဝစ်ချ်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာကတော့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိပေမဲ့ ယနေ့ညပွဲကို ပါနိုင်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

“သူ ကောင်းလာပြီဖြစ်ပေမဲ့ ဒီညပွဲကိုတော့ ပါနိုင်မှာ မဟုတ်ပါဘူး။ ကိုးလ် ပယ်လ်မာနဲ့ ဂျီးဆပ်စ်တို့လည်း တူတူပါပဲ”လို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့လ နိုင်ငံတကာပွဲစဉ်တွေအတွင်း ဒဏ်ရာရခဲ့ပြီးနောက် နားနေရကာ ပယ်လ်မာကတော့ ခြေသလုံးဒဏ်ရာ ခံစားေနရဆဲလို့ ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားရဖို့အတွက် ယမန်နှစ်ကထက် ပိုကြိုးစားလာမယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။

ဂွါဒီယိုလာက “မနှစ်ကထက် ပိုကောင်းအောင်လုပ်နိုင်ဖို့က မလွယ်ပေမဲ့ ကျွန်တော်တို့ ဒီအဆင့်ပြန်ရောက်လာလို့ စိတ်လှုပ်ရှားနေပါတယ်။ ချန်ပီယံလိဂ်က ဘယ်လောက်ထိ အရေးပါတယ်ဆိုတာ ငြင်းလို့မရပေမဲ့ ပရီးမီးယားလိဂ်ကိုလည်း သေချာအာရုံစိုက်ပြီး နောဝစ်ချ်နဲ့ပွဲကို ကြည့်ရင် အဲ့ဒါကို မြင်နိုင်ပါတယ်”

“အဲ့ဒါက ကျွန်တော်တို့ ပရီးမီးယားလိဂ်တင်မကပဲ ပွဲတိုင်အာရုံစိုက်နေတယ်ဆိုတဲ့ သက်သေပါပဲ”လို့ ဆိုခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ချန်ပီယံလိဂ် #စပို့တင်း #ဂရီးလစ်ချ်