ရှေ့သို့
Image

ဂန္တဝင်တိုက်စစ်အတွဲကို ရေရှည်အစားထိုးဖို့ လီဗာပူး ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဒန်နီ မာဖီဆို

11:39 AM, 15 February

လီဗာပူးကစားသမားဟောင်း ဒန်နီ မာဖီက ကြိုးကြာနီတွေဟာ လက်ရှိ  ဂန္တဝင်တိုက်စစ်အတွဲ ၃ဦးနေရာ အစားထိုးဖို့အတွက် ရေရှည်ဖြေရှင်းနည်း ရှာတွေ့သွားခဲ့ပြီလို့ ပြောခဲ့ပါတယ်။ ဆာလက်၊ မာနေးနဲ့ ဖာမီနိုတို့ဟာ ပြီးခဲ့တဲ့ ၅ ရာသီဆက် အန်ဖီးလ်မှာ တိုက်စစ်ပိုင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေး
ခဲ့ပါတယ်။

အဆိုပါ တိုက်စစ်အတွဲကို နည်းပြ ကလော့ပ်က စာချုပ်သက်တမ်းတိုးဦးမှာ ဖြစ်ပေမဲ့ ၃ဦးစလုံးက အသက်၃၀ ဝန်းကျင်တွေ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးမှာ ၁၉၉၇ခုနှစ်ကနေ ၂၀၀၄ခုနှစ်ကြား ကစားခဲ့တဲ့ မာဖီက အသင်းဟာ လူးဝစ် ဒီယက်ဇ်၊ ဂျိုတာ၊ အီလီယော့တို့နဲ့ လက်ရှိ တိုက်စစ်၃ဦးနေရာအတွက် ရေရှည်အစားထိုးဖို့ ပြင်ဆင်ထားတယ်လို့ ယုံကြည်နေပါတယ်။

မာဖီက “ကလော့ပ် ခေါ်လာတဲ့ လူငယ်တွေကို ကြည့်ရင် သူ လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ မြင်နိုင်ပါတယ်။ လူးဝစ် ဒီယက်ဇ်က လက်စတာနဲ့ပွဲမှာ အကောင်းဆုံး ကစားခဲ့ပြီး အီလီယော့လည်း ပြန်လာသလို ကာတစ်ဂျုံးစ်ကလည်း အကောင်းဆုံးပုံစံ ပြန်ရနေပြီး ကိုနာတေးကလည်း ငယ်သေးကာ ဂျိုတာက ဂိုးတွေ ဆက်တိုက်သွင်းနေပါတယ်”

“လက်ရှိမှာ လီဗာပူးက ရေရှည်အစီအစဉ်အတွင် ပြင်ဆင်နေတာကို တွေ့မြင်နိုင်ပါတယ်။ လူတွေက ဂျိုတာ နံပါတ်၉နေရာ ကစားနေတယ်လို့ ပြောကြပေမဲ့ သူကတော့ ညာတောင်ပံ၊ ဘယ်တောင်ပံ အားလုံးကစားနေပါတယ်။ သူ ကစားရတဲ့ပွဲနဲ့ ဂိုးသွင်းနှုန်းက သူမတူအောင် ကောင်းမွန်ပြီး ဧရိယာထဲ အရမ်းတည်ငြိမ်ပါတယ်”“သူက ဆာလက်၊ ဖာမီနို၊ မာနေးတို့ နေရာအစားထိုးမယ့် ကစားသမားလို့ ပထမဆုံး ဆွေးနွေးခံရမယ့် ကစားသမားတစ်ယောက် ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂျိုတာဟာ ယမန်နှစ် ရာသီအစက ယူနိုက်တက်ကို ရောက်လာခဲ့ပြီး ၆၁ ပွဲ ကစားရာမှာ ဂိုး ၃၀ အထိ သွင်းထားနိုင်ခဲ့ပါတယ်။

#လီဗာပူး #မာဖီ