ရှေ့သို့
Image

လူမြင်ကွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်ရတော့မယ့် ပစ်ဖို့ဒ်

9:15 AM, 15 February

အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ဟာ တိုင်နီဆိုက်ဒ် တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်မှုထဲ ပါဝင်ခဲ့ပြီးနောက် ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ပစ်ဖို့ဒ်ကို little armsလို့ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး သူငယ်ချင်းဖြစ်သူတွေ ပေါက်ကွဲခဲ့သလို ဘော်လ်ဒန်အရှေ့ပိုင်းက ရန်ပွဲအတွင်း လူတစ်ယောက် နှာခေါင်းရိုးကျိုးသွားသလို နောက်တစ်ယောက်ကလည်း အဆိုပါ အဖြစ်အပျက်အပေါ် ဗီဒီယိုရိုက်ခဲ့တာကြောင့် ဖုန်းရိုက်ခွဲခံခဲ့ရပါတယ်။

ရဲတွေက သက်သေတွေကို စုံစမ်းစစ်ဆေးနေပေမဲ့ The Sunရဲ့ ဖော်ပြချက်အရ အဲဗာတန်ဂိုးသမားအနေနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ ဖော်ပြထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ရဲတွေဟာ တနင်္ဂနွေ့ည ၉နာရီမှာ အခင်းဖြစ်ရာနေရာကို အလျင်အမြန် ရောက်လာပေမဲ့ ပစ်ဖို့ဒ်နဲ့ သူ့အဖွဲ့က မီနီဘတ်စ်တစ်စီးနဲ့ ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်တစ်ဦးက ပြောရာမှာ “သူတို့ အရက်သောက်ချိန်တောင် မရလိုက်ပါဘူး။ တစ်ယောက်ဆိုရင် နှာခေါင်းရိုးကျိုး သွားပါတယ်။ ပစ်ဖို့ဒ်က ဘာမှမဖြစ်ခဲ့ပါဘူး။ သူ အဲ့ဒီရန်ပွဲဖြစ်တော့ ချက်ချင်း ထွက်သွားခဲ့ပါတယ်။ ရဲတွေမလာခင် သူနဲ့ သူ့အဖွဲ့က မီနီဘတ်စ်နဲ့ ထွက်သွားခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

သတင်းတွေအရတော့ ရဲတွေဟာ ဘယ်သူ့ကိုမှ ဖမ်းဆီးရခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။ အဲဗာတန်ကလည်း The Sunရဲ့ အဆိုပါ အဖြစ်အပျက်အပေါ် မေးမြန်းမှုကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပစ်ဖို့ဒ်ဟာ အင်္ဂလန်အတွက် ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၂၀တို့မှာ သူရဲကောင်း ဖြစ်ခဲ့ပေမဲ့ အဲဗာတန် ကစားသမားဘ၀မှာတော့ မေ့ဖျောက်ပစ်ရမယ့် အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။

နာမည်ကျော်အမှားတစ်ခုကတော့ လီဗာပူးနဲ့ပွဲစဉ် နောက်ဆုံးမိနစ်မှာ ဘောလုံးဖမ်းယူနိုင်ခြင်း မရှိခဲ့တာကြောင့် အနိုင်ဂိုးပေးခဲ့ခြင်းလည်း ဖြစ်ကာ အဆိုပါ အမှားအပေါ် အကြီးအကျယ် လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။

#အင်္ဂလန် #ပစ်ဖို့ဒ်