ရှေ့သို့
Image

ဘန်လေနဲ့ ပွဲမှာ ဗန်ဒိုက် အကောင်းဆုံး ခြေစွမ်း ပြန်ရခဲ့ပြီလို့ ကလော့ပ် ကြွေးကြော်

2:10 PM, 14 February

ဂျာဂင် ကလော့ပ်က ယမန်နေ့ည ဘန်လေနဲ့ ပွဲစဉ်က နောက်ခံလူ ဗာဂျီ ဗန်ဒိုက်ဟာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တယ်ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အဆိုပါပွဲစဉ်မှာ ဖာဘင်ဟိုရဲ့ ပထမပိုင်းသွင်းဂိုးနဲ့အတူ အနိုင်ရခဲ့ပြီး တိုက်စစ်ပိုင်းအစွမ်းမပြနိုင်ခဲ့တဲ့ ပွဲစဉ်မှာ ခံစစ်က အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဗန်ဒိုက် အကောင်းဆုံး ခြေစွမ်းပြန်ရပြီလားလို့ မေးတဲ့အခါ ကလော့ပ်က “ကျိန်းသေပေါက် ခြေစွမ်းကောင်းခဲ့ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေ အားလုံးမှာ မြင်နိုင်ပါတယ်”“ကျွန်တော်တို့ သူဒီလို ခြေစွမ်းပြနိုင်မယ်လို့ အမြဲယုံခဲ့ပါတယ်။ ဘယ်လိုမျိုး ပြန်သက်သာလာလဲ ဘယ်သူမှ မသိကြပေမဲ့ သူ ပြီးပြည့်စုံစွာနဲ ပြန်ကောင်းလာပါတယ်”“အခု လာမယ့် အရေးပါတဲ့ ရာသီအစိတ်အပိုင်းတွေအတွက် သူခုလို ကောင်းလာတာက ကွက်တိပါပဲ။ သူ ခုလိုမျိုး ခြေစွမ်း ထပ်ပြနိုင်ဦးမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က “ကျွန်တော်တို့ ဒီလိုအခြေအနေတွေမှာ ကစားပုံအပေါ် အထူးကျေနပ်ပါတယ်။ ပွဲကက အရမ်းကို ရှုပ်ထွေးပါတယ်”“ကွင်းထဲ ဒီလိုအအေးနဲ့ မတ်တပ်ရပ်နိုင်ဖို့က တကယ်ကို မဖြစ်နိုင်တာပါ။ ကစားသမားတွေက ဒီလိုအခြေအနေတွေမှာ ဘယ်လိုကစားရမယ်ဆိုတာ သင်ယူထားခဲ့ပါတယ်။ ဒီပွဲက တကယ်ကို ခက်ခဲခဲ့တဲ့ ပွဲစဉ်၁ပွဲပါ”“ဘန်လေကလည်း ကောင်းတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမဲ့ အလီဆင် ကာကွယ်စရာ မလိုတဲ့ လူကျွံဘောကို အလံမထောင်ခဲ့တာကြောင့်လည်း လုပ်စရာမလိုတာတွေ လုပ်လိုက်ရပါတယ်။ အဲ့လိုပဲ ဖြစ်သွားပါတယ်”လို့ ဆိုခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဗန်ဒိုက် #ဘန်လေ