ရှေ့သို့
Image

အာဆင်နယ်ဟာ ဒီရာသီ ဥရောပဝင်ခွင့်ရနိုင်တယ်လို့ ကာရေဂါ သုံးသပ်ပြောကြား

1:02 PM, 14 February

လီဗာပူး နောက်ခံလူဟောင်း ဂျင်မီကာရေဂါက အာဆင်နယ်ဟာ ဒီရာသီ ဥရောပဝင်ခွင့်ရနိုင်တယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ အာတီတာရဲ့အာဆင်နယ်ဟာ ကြာသပတေးနေ့တုန်းက ဝုဗ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အရေးကြီးတဲ့ ၃ မှတ်ကိုရယူနိုင်ခဲ့ကာ ကာရေဂါ အခုလိုသုံးသပ်လာခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက စိတ်ဝင်စားဖွယ်ရာတွေထဲက တစ်ခုပါ။ ဝက်စ်ဟမ်းက အခုလက်ရှိအဆင့် ၄ နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် ပွဲတွေကစားဖို့ ကျန်နေပါသေးတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်မှာလည်း အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဝုဗ်အသင်းက တော့တင်ဟမ်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ဥရောပဝင်ခွင့်ရဖို့ အခွင့်အရေးကောင်းလာခဲ့ပါတယ်။

ကာရေဂါက ထိပ်ဆုံး ၄ သင်းနေရာအတွက် ဝက်စ်ဟမ်းက ခက်ခဲနိုင်ပြီး အာဆင်နယ်က အခွင့်အရေးရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ထိပ်ဆုံး ၄ သင်းနေရာကို ဝက်စ်ဟမ်းရဖို့ ခက်ခဲနိုင်ပါတယ်။ အာဆင်နယ်က ဝုဗ်ကို အဝေးကွင်းမှာ နိုင်ခဲ့သလို လက်ထဲမှာ ၁ ပွဲလည်းရှိနေပါသေးတယ်။ ကာရေဂါက ယူနိုက်တက်အသင်း ချန်ပီယံလိဂ်မှာ ပါဝင်တာက ပြည်တွင်းပွဲစဉ်တွေကို ထိခိုက်လာနိုင်တယ်လို့ ခံစားနေရပါတယ်။ ယူနိုက်တက် ချန်ပီယံလိဂ်မှာ ဘယ်လောက်ကြာကြာပါဝင်နိုင်မလဲလို့ တွေးနေမိပါတယ်။ သူတို့ ပါနိုင်မယ်ဆိုရင်လည်း အချိန်တစ်ခုလောက်ထိပဲလို့ ထင်ပါတယ်"လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။

ဂရေမီဆောင်းနက်စ်ကလည်း တော့တင်ဟမ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ထောက်ခံပြောကြားလိုက်ပါတယ်။

"အာဆင်နယ်က ပိုအခွင့်အရေးကောင်းနိုင်ပါတယ်။ တော့တင်ဟမ်က ဒုက္ခများနေပါတယ်။ ယူနိုက်တက် တိုက်စစ်ပြဿနာတက်နေပါတယ်။ သူတို့ ရုန်းကန်နေရပြီး ယုံကြည်မှုပျောက်ဆုံးနေပါတယ်"လို့ ဆောင်းနက်စ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #အာဆင်နယ် #ကာရေဂါ #ဆောင်းနက်စ်