ရှေ့သို့
Image

ရန်နစ်ကို ထုတ်ပယ်ဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အာဆင်နယ်ဂန္ထဝင်ဟောင်း ပေါလ်မာဆင်

8:25 AM, 14 February

ဘောလုံးကျွမ်းကျင်သုံးသပ်သူ ပေါလ်မာဆင်က ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးအောင် လုပ်ဆောင်နေတဲ့ ရန်နစ်ကို ထုတ်ပယ်သင့်ပြီလို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဂျာမန်သားဟာ ပြီးခဲ့တဲ့အပတ်တွေက ထုတ်ပယ်ခံရဖို့ ရေပန်းစားခဲ့ပြီး အသင်းရဲ့စွမ်းဆောင်ရည်က အားရစရာမရှိခဲ့သလို အက်ဖ်အေဖလားမှာ မစ်ဒယ်ဘရော့ကိုပါ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

လိုက်ပ်ဇစ်နည်းပြဟောင်းကတော့ ဖိအားတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီး ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေက ယူနိုက်တက် အနေနဲ့ အနှေးနဲ့အမြန် အစားထိုးမယ့်နည်းပြသစ် ရှာဖွေသင့်တယ်လို့ တိုက်တွန်းနေကြပါတယ်။

"ရန်နစ်က လာမယ့်ရာသီ ယူနိုက်တက်ကို ကိုင်တွယ်ခွင့်မရဖို့တာ ၁၀၀% သေချာပါတယ်။ ကျွန်တော် မြင်လည်း မမြင်ပါဘူး။ သူတို့ တိုးတက်လာတယ်ဆိုတာတဲ့သတင်းတစ်ခု ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့လိုမထင်ပါဘူး။ ယူနိုက်တက်အခြေအနေက တော်တော်ဆိုးနေပါတယ်။ ကျွန်တော်ထင်တာက မကြာခင်မှာ ဖြစ်လာနိုင်ပါတယ်။ ရန်နစ်က ယူနိုက်တက်မှာ ဆက်ရှိမနေသင့်တော့ပါဘူး။ တကယ်လို့ သူတို့ ထိပ်ဆုံး ၄ သင်းနေရာမဝင်ဘူးဆိုရင် ကျွန်တော်အရမ်းအံ့သြမိမှာပါ။ ယူနိုက်တက်အနေနဲ့ အခုထက်နောက်မကျခင် တစ်ခုခုလုပ်သင့်ပြီလို့ ထင်ပါတယ်"လို့ ပေါလ်မာဆင်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကစားသမားဟောင်းက ယူနိုက်တက်အနေနဲ့ နည်းပြကို ဆက်ထိန်းဖို့ ကစားသမားတွေလစာမျိုးပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"သူတို့ ဘာလုပ်နေသလဲဆိုတာ မယုံကြည်နိုင်ဖြစ်ရပါတယ်။ နည်းပြသစ်အတွက် လာမယ့်ရာသီသစ်အထိ စောင့်ဆိုင်းနေပါတယ်။ အလုပ်တွေ အများကြီးလုပ်ဖို့ လိုနေပါတယ်။ နည်းပြသစ်တစ်ဦးကို နောက်ရာသီအထိ စောင့်နေတာက အဆင်မပြေပါဘူး။ အပြောင်းအလဲတစ်ခု လျင်လျင်မြန်မြန်လုပ်ဖို့ လိုအပ်ပါတယ်။  ကျွန်တော်မကြာခင်မှာ တစ်စုံတယောက် ဝင်လာလိမ့်မယ်လို့ ထင်ပါတယ်။ ကစားသမားတစ်ဦးကို ပေါင်သန်း ၇၀ ကနေ ၈၀ လောက်ပေးနေချိန်မှာ ဘာကြောင့် နည်းပြတစ်ဦးအတွက် ဘဏ်ကို မဖောက်နိုင်ရမှာလဲ။ ကျွန်တော့်အမြင်အရဆိုရင် ယူနိုက်တက်အနေနဲ့ အရေးကြီးနေပြီလို့ ထင်ပါတယ်"လို့ ပေါလ်မာဆင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ပေါလ်မာဆင် #ရန်နစ်