ရှေ့သို့
Image

ဂျိမ်းစ်မီလ်နာကို စာချုပ်သစ်ကမ်းလှမ်းဖို့ အသင်းကို ပြောထားကြောင်း ကလော့ပ်ဖွင့်ဟ

5:13 PM, 13 February

လီဗာပူးအသင်းရဲ့ နည်းပြကြီး ဂျာဂန်ကလော့ပ်ဟာ ပရီးမီးယားလိဂ်မှာ နှစ် ၂၀ ကျော်ကစားခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာကို စာချုပ်သစ်ကမ်းလှမ်းဖို့အတွက် အသင်းကို ဖိအားပေး တောင်းဆိုထားကြောင်း ပြောလိုက်ပါတယ်။ လီဗာပူးနည်းပြကြီးဟာ မီလ်နာကို အန်ဖီးလ်မှာ ဆက်ထိန်းဖို့ ဆန္ဒရှိသလို ၃၆ နှစ်သား ကွင်းလယ်လူကလည်း သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် အသင်းရဲ့ကမ်းလှမ်းမှုကို စောင့်နေပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ၂၀၀၂ နိုဝင်ဘာမှာ လိဒ်စ်ယူနိုက်တက်အသင်းမှာ ၁၆ နှစ်နဲ့ ပွဲဦးထွက်ခဲ့ပြီး လက်ရှိမှာတော့ လီဗာပူးမှာနေခဲ့တဲ့ ၇ နှစ်တာ အချိန်ကို နေရာမရပေမယ့်လည်း ရှေ့ဆက်ရမလား၊ ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းကိုပဲ ပြောင်းရမလားဆိုတာ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ကလော့ပ်ကတော့ “ မီလီ(မီလ်နာ)နဲ့ ဆွေးနွေးမှာပါ။ စောင့်ကြည့်ကြတာပေါ့။ လာမယ့်နှစ်ထဲ သူ အနားယူဦးမှာ မဟုတ်ပါဘူး။ သူကစားဖို့ ဆန္ဒရှိနေပါသေးတယ်။ ကျွန်တော်ကောင်းကောင်း နားလည်တယ်။ 

ဘောလုံးသမားဘဝက နားပြီးရင် ရှေ့ဆက်ရမယ့် ဘဝက တကယ့်ကို အရှည်ကြီးပါ အဲ့ဒါကြောင့် တတ်နိုင်သမျှ ဘောလုံးပဲဆက်ကန်နေတာ ကောင်းပါတယ်။ ဘာလို့ဆို ဘောလုံးသမား တစ်ယောက်အတွက် ဘောလုံးကန်နေရတာကိုက တခြားဘယ်အရာနဲ့မှ လဲလို့မရတဲ့ ခံစားချက်မို့လိုပါပဲ။ မီလီက သူ့ရဲ့ကစားသမားဘဝကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပေမယ့် သူ့အလုပ်ကိုလည်း အရမ်းချစ်တဲ့လူစားပါ။ နောက်နှစ်ကျရင်လည်း သူဘောလုံးကန်နေဦးမှာပါ သေချာပါတယ် ” လို့ ပြောခဲ့ပါတယ်။ 

မီလ်နာဟာ ပရီးမီးယားလိဂ်သမိုင်းရဲ့ အကောင်းဆုံး အလွတ်ပြောင်းရွှေ့ကြေးကစားသမားအဖြစ် ချီးကျူးခံခဲ့ရပြီး မန်ချက်စတာစီးတီးကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့ ရရှိခဲ့ပြီး အဝတ်လဲခန်းထဲမှာလည်း သြဇာညောင်းတဲ့ စီနီယာကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။ အနားယူချိန်အန်ဖီးလ်မှာ နည်းပြတစ်နေရာအတွက်လည်း လျာထားခံထားရသလို ငယ်ဘဝကလပ် လိဒ်စ်ယူနိုက်တက်ကို ပြန်မယ်လို့လည်း ထင်ကြေးတွေ ပေးနေကြပါတယ်။ 


#မီနာ #လီဗာပူး #လိဒ်စ်ယူနိုက်တက်