ရှေ့သို့
Image

ဘာစီလိုနာကို အလွတ်နဲ့ပြောင်းဖို့ တော်တော်လေးနီးစပ်နေတဲ့ အက်စ်ပီလီကျူတာ

4:55 PM, 13 February

သတင်းဌာနတစ်ခုရဲ့အဆိုအရ ဘာစီလိုနာအသင်းဟာ အက်စ်ပီလီကျူတာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ချဲလ်ဆီးနောက်ခံလူရဲ့ စာချုပ်သက်တမ်းက ဒီနှစ်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ကာ စပိန်မြေကို ပြန်ဖို့ ပြင်ဆင်နေပါတယ်။ 

အသက် ၃၂ နှစ်သားဟာ ညာနောက်ခံလူ ဒါမှမဟုတ် နောက်တန်းနေရာမှာပါ ကစားနိုင်စွမ်းရှိတာ ဖြစ်ကာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ချန်ပီယံ ဖြစ်တုန်းက ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ   အက်စ်ပီလီကျူတာတစ်ယောက်တည်း စိတ်ဝင်စားနေတာမဟုတ်ပဲ ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆန်ကိုလည်း ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဘာစီလိုနာဟာ အလွတ်နဲ့ရမယ့် ကစားသမားတွေကိုသာ အဓိကခေါ်ယူချင်နေတာဖြစ်ကာ အခြားတစ်ဖက်မှာလည်း ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုပါ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဘာစီလိုနာဟာ နောက်တန်းနေရာအပြင် နောက်ထပ်နေရာတွေကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။


#ဘာစီလိုနာ #ချဲလ်ဆီး #ချန်ပီယံလိဂ် #အက်စ်ပီလီကျူတာ #ခရစ္စတီယန်ဆန်