ရှေ့သို့
Image

ရန်းနစ်အကြိုက် တန်ဟတ်ကိုပဲ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ဖို့ ရှိနေတဲ့ ယူနိုက်တက်

2:29 PM, 13 February

ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်သစ် ရစ်ချတ်အာနိုးလ်ဟာ အမြဲတမ်းနည်းပြအဖြစ် ပိုချက်တီနိုကို ခန့်အပ်စေချင်တဲ့ အသင်းသားအများစုရဲ့ဆန္ဒကို ဆန့်ကျင်ကာ အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်ကိုပဲ ခန့်အပ်လိုနေတယ်လို့ သတင်းတွေက ရေးသားဖော်ပြနေပါတယ်။

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ တန်ဟတ်တို့ဟာ လက်ရှိ ယူနိုက်တက်ယာယီနည်းပြ ရန်းနစ် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၂ နွေရာသီမှာ ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြဖြစ်လာဖို့ အပြိုင်ရေပန်းစားနေပြီး ရန်းနစ်က ယာယီနည်းပြသက်တမ်းကုန်ရင် အသင်းရဲ့အကြံပေးအဖြစ် ပြောင်းလဲတာဝန်ယူမှာဖြစ်ပါတယ်။

ရန်းနစ်ဟာ အမြဲတမ်းနည်းပြအဖြစ် တန်ဟတ်ကို ခန့်အပ်ဖို့ အာနိုးလ်ထံ စည်းရုံးနေပြီး အာနိုးလ်ကိုယ်တိုင်ကလည်း တန်ဟတန်အနေနဲ့ အသင်းကို အင်္ဂလိပ်ဘောလုံးလောကရဲ့ထိပ်တန်းအသင်းအဖြစ် ပြန်လည်ရပ်တည်စေနိုင်ဖို့ ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် ပိုမိုမြင့်မားလာတယ်လို့ The Sun သတင်းဌာနက ရေးသားဖော်ပြပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ ယူနိုက်တက်အသင်းသားအများစုကတော့ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုကို အသင်းရဲ့အမြဲတမ်းနည်းပြအဖြစ် မြင်တွေ့လိုနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ တော့တင်ဟမ်အသင်းကို ပိုချက်တီနို တာဝန်ယူခဲ့စဉ်ကတည်းက အဆိုပါအာဂျင်တီးနားနိုင်ငံသားကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်သလို အာနိုးလ် အစားဝင်တဲ့ ဝုဒ်ဝါ့ဒ်ဆိုရင်လည်း ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် သူ့နေရာမှာ ပိုချက်တီနိုကို အစားထိုးဖို့ ကြိုးစားခဲ့ပါသေးတယ်။

ပီအက်စ်ဂျီအသင်းက ယခုလိုရာသီအလယ်ကာလမှာ ပိုချက်တီနိုကို ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပြီးနောက် ဝုဒ်ဝါ့ဒ်လည်း ရန်းနစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက အမှတ်ပေးချန်ပီယံပြန်ဖြစ်ဖို့ အလွန်ရေပန်းစာေးနတာမှန်ပေမယ့် ပိုချက်တီနိုရဲ့အနာဂတ်ကတော့ မရေမရာဖြစ်နေပြီး အသင်းက ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်နိုင်ဖို့ ဖိအားဝင်နေရပါတယ်။

ယူနိုက်တက်အသင်းသားတွေကတော့ ဘက်ဂျက်နည်းနည်းပဲရှိတဲ့ တော့တင်ဟမ်အသင်းကို ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်စေပြီး ထိပ်ဆုံး ၄သင်းစာရင်းပုံမှန်ဝင်စေခဲ့တဲ့ ပိုချက်တီနိုရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။


#မန်ချက်စတာယူနိုက်တက် #ပိုချက်တီနို #အဲရစ်တန်ဟက်ချ် #ရန်းနစ်