ရှေ့သို့
Image

ယူနိုက်တက်နည်းပြအဖြစ် ရန်းနစ်ရဲ့နေရာကို ဆက်ခံဖို့ ဟက်ဆန်ဟက်တယ်ကို တစ်ပေးပြောဆိုလိုက်တဲ့ ပေါလ်စခိုး

2:07 PM, 13 February

ဟက်ဆန်ဟက်တယ်ရဲ့ ဆောက်သမ်တန်ဟာ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ၁-၁ ဂိုးသရေကျအောင် ကစားနိုင် ခဲ့ပြီး သူတို့ရဲ့ ဖိအားပေးကစားတဲ့ပုံစံက အိမ်ရှင်အသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။

ပွဲမတိုင်ခင်မှာ ဟက်ဆန်ဟက်တယ်နှင့် ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ ရန်းနစ်တို့ဟာ လိုက်ပ်ဇစ်မှာအတူတကွ လက်တွဲလုပ်ဆောင်ခဲ့ဖူးကြောင်း BT Sport က ပြောဆိုခဲ့ပါတယ်။

အရင်ကရန်းနစ်ဟာ ဂျာမန်ကလပ်မှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ဟက်ဆန်ဟက်တယ်ကို နည်းပြအဖြစ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လက်ရှိနည်းပြရာထူးက ရာသီကုန်မှာ ပြီးဆုံးမှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ အကြံပေးအဖြစ် ၂နှစ်တာဝန်ယူသွား မှာဖြစ်ကာ သူတို့ ၂ဦးက ပြန်လည်ပေါင်းစည်းနိုင်တယ်လို့ ပေါလ်စခိုးနှင့် ဟော့တယ်တို့က ပြောဆိုထားပါတယ်။

“ကျွန်တော်တို့တွေ ပြောနေကြတာက ဒါဟာ အဆင်မပြေနိုင်ဘူးလို့ ကျွန်တော်ပြောတာလား?”

“မဟုတ်ပါဘူး။ ကျွန်တော့်အတွက် ထူးခြားတဲ့အရာပါ၊ သူတို့တွေ အတူတူ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့မယ်ဆိုရင် ရန်းနစ်က အမှန်တကယ်တော့ အားကစားဒါရိုက်တာ ဖြစ်လာမှာပါ”

“ကျွန်တော် ဆိုလိုတာက သူဟာ အသင်းမှာ ရှိတဲ့ကစားသမားတွေနဲ့ ကောင်းမွန်စွာလုပ်ဆောင်ထားနိုင်တာကြောင့် ဆောက်သမ်တန်က သူ့ကို ထိန်းထားချင်နေမှာပါ။ သူက အကောင်းဆုံးလုပ်ဆောင်ထားတာ ဖြစ်ပြီး သူက ယူနိုက် တက်နည်းပြရာထူးကို ရရှိချင်တယ်ဆိုရင်လည်း ဒါကယုတ္တိရှိပါတယ်” လို့ ဟော့တယ်က ပြောပါတယ်။

သူ့ရဲ့တွဲဖက်အတိုင်းပဲ ပေါလ်စခိုးက “အဲ့ဒီအင်တာဗျူးကို ကြည့်လိုက်မယ်ဆိုရင် သူတို့ ၂ ဦးကြားမှာ ရင်နှီးမှု ရှိတယ် ဆိုတာတွေ့နိုင်ပါတယ်”

“အားကစားဒါရိုက်တာတစ်ဦးအနေနဲ့ လိုက်ပ်ဇစ်အတွက် သူဟာ မှန်ကန်တဲ့ရွေးချယ်မှုကို အကောင်းဆုံး လုပ်နိုင်ခဲ့ တာပါ”

“ကျွန်တော်ကအမြဲတမ်း ဟက်ဆန်ဟက်တယ်ကို သဘောကျမိပါတယ်။ ကစားသမားကောင်းတွေနဲ့မဟုတ်ဘဲ ဆောက်သမ်တန်မှာ သူ့ရဲ့လုပ်ဆောင်မှုတွေကို ကျွန်တော်က အမြဲတမ်းတွေနေပြီး သူ့ကို အထင်မသေးမိပါဘူး။ အသင်းအတွက် သူ့ရဲ့ကစားဟန်က ကြည့်လို့ကောင်းပါတယ် တကယ့်ကိုကောင်းတယ်လို့လည်း ကျွန်တော်ထင်ပါ တယ်”

“ယူနိုက်တက်ဆိုတာက မတူညီတဲ့ ဖိအားတစ်ရပ်ပါ။ ကလပ်ရှိသူများနှင့် ပရိသတ်တွေက ပိုချက်တီနိုနှင့် ကွန်တီ တို့အကြောင်းကိုသာ တွေးနေကြတာဖြစ်ပြီး သူတို့တွေက အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးတာကြောင့်ဖြစ်မယ် လို့ ကျွန်တော်ယူဆပါတယ်” လို့ ပြောပါတယ်။

“အဲ့ဒီအကြောင်းကိုတွေးမိသော်လည်း ဆိုးရွားတဲ့အရာဖြစ်မယ်လို့လည်း မထင်မိပါဘူး။ အသင်းအတွက် သူ့ရဲ့ လုပ်ဆောင်မှု ကောင်းပါတယ်”

“သူက ဖြေရှင်းချက်တစ်ခုဖြစ်မယ်လို့ ကျွန်တာ်ထင်မိပါတယ်။ သူဟာ နာမည်ကြီးကစားသမားတွေနဲ့အတူ လက်တွဲမလုပ်ဖူးသော်လည်း ကလပ်ထံသို့ အနိုင်ရရှိမယ့်အရာတွေ ဆောင်ယူလာမယ်လို့ ကျွန်တော်ထင်ပါတယ်”

“ပြန်လည်စတင်ဖို့ ပြန်လည်တည်ဆောက်ဖို့အတွက် ဒါဟာ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။ လူငယ်ကစား သမားအသစ်တွေလိုအပ်ပြီး အထူးသဖြင့် ကျွန်တော်တို့က လီဗာပူးနှင့် မန်စီးတီးတို့ရဲ့နောက်မှာရှိနေပါတယ်” လို့ စခိုးလ်က ပြောပါတယ်။

ဆောက်သမ်တန်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၄ ခုနှစ်ပြီးရင် အနားယူဖို့ စဉ်းစားနေပါတယ်လို့ ဟက်ဆန် ဟက်တယ်က ဒီတစ်ပတ်မှာ ဂျာမန်သတင်းစာဖြစ်တဲ့ Kicker သို့ ပြောကြားထားက အံ့ဩစရာပါ။

သို့သော်လည်း ဆောက်သမ်တန်ရဲ့လက်ရှိစွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင် ဩစတြေးလျနိုင်ငံသားက ကွင်းဘေးမှာ အသင်းကို အများကြီးလမ်းညွှန်ပေးထားနိုင်နေတုန်း ဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ မန်စီးတီးရဲ့ ၁၂ ပွဲဆက်အနိုင်ရရှိမှုကို ၁-၁ ဂိုးကျအောင်ကစားပြီး ရပ်တန့်ပေးခဲ့သလို တော့တင်ဟမ်ကို နောက်ကနေ လိုက်ကစားပြီး ၃-၂ ဂိုးဖြင့်အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။

လက်ရှိ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုဟာ ယူနိုက်တက်ရဲ့နောက်ထပ်နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေသူ ဖြစ်သလို အေဂျက်စ်နည်းပြ တန်ဟက်ကိုလည်း တစ်ပေးပြောဆိုကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆောက်သမ်တန် #ပိုချက်တီနို #အဲရစ်တန်ဟက် #ရန်းနစ် #ဟက်ဆန်ဟက်တယ်