ရှေ့သို့
Image

၅ နှစ်အတွင်း ပရီးမီးယားလိဂ် ၄ ကြိမ်ရရှိဖို့အတွက် ၉၆ မှတ်အထိ မန်စီးတီး လိုအပ်တယ်လို့ ဂွါဒီယိုလာ ယုံကြည်နေ

1:33 PM, 12 February

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးအနေနဲ့ ချန်ပီယံဆုအတွက် ပွဲတိုင်းအနိုင်ရရှိဖို့ လိုအပ်နေပြီး စီးတီးပဲ ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ၁ ပွဲအကွာ ၆ မှတ်အထိ ဖြတ်ထားခဲ့တဲ့အနေအထားမှာ စီးတီးကိုလိုက်မီဖို့ သူ့အသင်းအနေနဲ့ မတတ်နိုင်လောက်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ဂွါဒီယိုလာက သောကြာနေ့တုန်းက မိမိတို့အသင်းအနေနဲ့ ၅ နှစ်အတွင်း ၄ ကြိမ်မြောက်ဆုဖလားရဖို့အတွက် ရမှတ် ၉၆ မှတ်အထိ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားက လီဗာပူးအနေနဲ့ မိမိတို့အသင်းနဲ့ပွဲအပါအဝင်  ရမှတ် ၉၆ အထိ ရယူနိုင်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကလော့ပ်ကို ယုံပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့အကောင်းဆုံးပြိုင်ဘက်ပါ။ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ချေရှိပါတယ်။  ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ကျွန်တော်တို့ ရမှတ် ၉၀ နဲ့အထက် ၉၆ မှတ်လောက်အထိ ရယူဖို့ လိုအပ်ပါတယ်။ နောက်ဆုံး ၁၄ ပွဲမှာ ၁၃ ပွဲအထိ နိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။  လီဗာပူးက ပြိုင်ဘက်ကောင်းပါ။ ဘယ်လောက်ခက်ခဲလဲဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်။ ကျွန်တော့်ကစားသမားတွေက ပွဲတိုင်းကို ယှဉ်ပြိုင်ဖို့ မကြောက်လန့်ပါဘူး။ စနေနေ့မှာ နောဝစ်ချ်နဲ့ရင်ဆိုင်ရမှာပါ။ အမှတ်တွေဆုံးရံှုံးနိုင်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံးပြင်ဆင်ထားပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးကတော့ အခုရာသီချန်ပီယံဖြစ်ဖို့အတွက် ရေပန်းအစားဆံုံးအသင်းအဖြစ် တော်တော်များများက သတ်မှတ်ထားကြပါတယ်။  “လွန်ခဲ့တဲ့အချိန်တုန်းက ယူနိုက်တက် ဒီလိဂ်ကို ထိန်းချုပ်ထားတာပါ။ ပရီးမီးယားလိဂ်မရပဲ ရာသီတိုင်းဖြတ်သန်းရမှာကို စိတ်ကူးယဉ်ကြည့်ပါ။ ဒီရာသီမှာ ယူနိုက်တက်လည်း ဖြစ်နိုင်ချေရှိပါတယ်။ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ ပြိုင်ဘက်တိုင်းကို လေးစားပြီးသားပါ။ အဲ့တာကြောင့် ပွဲကစားတိုင်း သေချာလေးအာရုံစိုက်ကစားပါတယ်”လို့ စပိန်သားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ