ရှေ့သို့
Image

ဒဏ်ရာကြောင့် ၁၀ ပတ်လောက် နားရဖွယ်ရှိနေတဲ့ အဲဗာတန်နောက်ခံလူ ယာယီမီလ်နာ

1:08 PM, 12 February

အဲဗာတန်နောက်ခံလူ ယာယီမီလ်နာဟာ ဒဏ်ရာအခြေအနေကို ခွဲစိတ်ကုသဖို့ အထူးကုနဲ့ တွေ့ဆုံနေပြီး လမ်းပတ်အတွက်တော့ ခေါင်းခဲစရာဖြစ်လာပါတယ်။ ကိုလံဘီယာသားဟာ အဲဗာတန်နောက်တန်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိတာက လမ်းပတ်အတွက် နောက်တန်းပြဿနာရှိနေပြီး ၁၀ ပတ်လောက် နားရဖွယ်ရှိနေပါတယ်။

ဒါ့အပြင် ဒူကိုရေး နဲ့ ဂေါ့ဖ်ဖရေးတို့ကလည်း တံကောက်ကြောဒဏ်ရာတွေ ရရှိနေပြီး ၅ ပတ်လောက် နားရဖွယ်ရှိနေပါတယ်။ ဒါပေမယ့် မီလ်နာရဲ့ဒဏ်ရာအခြေအနေက တော်တော်ကြာနိုင်ပြီး လမ်းပတ်အတွက် နောက်တန်းနေရာပြဿနာရှိနိုင်ကာ အခုလာမယ့်စနေနေ့မှာ လိဒ်ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“မီလ်နာရဲ့အခြေအနေက ကံမကောင်းတဲ့အခြေအနေပါ။ သူ ၈ ပတ်ကနေ ၁၀ ပတ်ကြားနားရနိုင်ပါတယ်။ အသင်းမှာ ဒဏ်ရာရကစားသမားတွေများနေပါတယ်။ အသင်းမှာ ထိပ်တန်းကစားသမားလိုအပ်ပါတယ်။ မီလ်နာက ထိပ်တန်းကစားသမားပါ။ မဟုတ်ပါစေနဲ့လို့တော့ မျှော်လင့်မိပါတယ်။ သူလာမယ့်နေ့မှာ အထူးကုနဲ့တွေ့ပါလိမ့်မယ်။ မခွဲစိတ်ရဖို့တော့ မျှော်လင့်ပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

လမ်းပတ်ရဲ့အဲဗာတန်အသင်းဟာ နယူးကာဆယ်ကို အရေးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်တိုက်ပွဲအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ လမ်းပတ်အနေဲ့ အဲဗာတန်ကို တန်းဆင်းဇုန်ကနေ လွတ်မြောက်နိုင်ဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ကာ ရှေ့လာမယ့်ပွဲတွေက အရေးကြီးလာခဲ့ပြီဖြစ်ပါတယ်။

“ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော်ဖိနပ်ကြိုးအဆင်မပြေခဲ့တဲ့သူကို ဒဏ်ကြေးချမှတ်ခဲ့တယ်ဆိုတဲ့သတင်းကို ဖတ်ရပါတယ်။ အဲ့တာက တကယ်မှားပါတယ်။ ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ဘယ်ကနေ ဘယ်လိုထွက်လာလဲဆိုတာ မသိပါဘူး။ အသင်းကစားသမားတွေကို အနိုင်ရလိုစိတ်တော့ ထည့်ပေးနေပါတယ်။ အမှတ်ပေးဇယားအထက်ပိုင်းကို တက်နိုင်အောင် လုပ်ဆောင်ဖို့က တကယ့်ကို အရေးကြီးပါတယ်။ တကယ်လို့ ကစားသမားတွေအနေနဲ့ သူတို့ အမူအကျင့်ကို နားလည်မယ်ဆိုရင် ကျွန်တော်တို့အတွက် ပိုအဆင်ပြေပါလိမ့်မယ်။ ကျွန်တော်အသင်းအတွက် ကောင်းမွန်တဲ့ စနစ်တစ်ခုကို ယူဆောင်ဖို့ လိုပါတယ်။ အခုချိန်မှာ အသင်းကစားသမားတွေနဲ့ ဘာပြဿနာမှမရှိပါဘူး”လို့ လမ်းပတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မီနာ #အဲဗာတန်