ရှေ့သို့
Image

ယူနိုက်တက်က ကျိန်စာသင့်နေပြီး နှစ်ပေါင်းများစွာ စွမ်းဆောင်ရည် နိမ့်ကျနေခဲ့တယ်လို့ ဒီဂီယာ ဝန်ခံ

10:51 AM, 12 February

ဒေးဗစ် ဒီဂီယာက ယူနိုက်တက်အသင်းဟာ ကျိန်စာသင့်နေပြီး အဓိက ပြိုင်ဘက်တွေနောက် ဘာလို့အများကြီး ပြတ်ကျန်ခဲ့သလဲဆိုတာ ရှင်းပြနိုင်ခြင်းမရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

စပိန်သားဟာ အိုးထရက်ဖို့ဒ်ကို ရောက်လာပြီး ဒုတိယရာသီမှာတင် ပရီးမီးယားလိဂ်ဖလား ရခဲ့ပြီး ၂၀၁၆ခုနှစ်မှာ အက်ဖ်အေဖလား၊ ၂၀၁၇ခုမှစ်မှာ ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ဆွတ်ခူးခဲ့ပါတယ်။ ဒီဂီယာ နောက်ဆုံး ဖလားရခဲ့တာ ၂၀၁၇ခုနှစ်က ဖြစ်ပြီး ယခုနှစ်ရာသီ ရန်နစ်လက်ထက်မှာလည်း မျှော်လင့်စရာ ချန်ပီယံလိဂ်ဖလား၁လုံးသာ ကျန်ပါတော့တယ်။

၅နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုဟာ ၁၉၆၉ခုနှစ်ကနေ ၁၉၇၆ခုနှစ်ကြာ ဖလားလက်မဲ့ ဖြစ်ခဲ့ပြီးနောက်ပိုင်း အဆိုးရွားဆုံး စံချိန်ကို ပိုင်ဆိုင်သွားဖွယ် ရှိနေပါတယ်။ ဖာဂူဆန် ထွက်သွားပြီးနောက် ယူနိုက်တက်ဟာ နည်းပြ ၄ဦးအထိ ပြောင်းလဲကာ ပေါင် ၁ဘီလီယံနီးပါး အသုံးပြု ကစားသမားတွေ ခေါ်ထားပေမဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ ယခင်ကလို စိုးမိုးထားနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဒီဂီယာက “ခုလို ဖြစ်နေတာက ကျိန်စာ ဒါမှမဟုတ် တစ်ခုခု ဖြစ်နိုင်ပါတယ်။ အမှန်အတိုင်း ပြောရရင် ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် တစ်ကယ် မသိပါဘူး။ လူတွေက အသင်းဖော်တွေနဲ့ ကျွန်တော့်ကို အဲ့ဒီအကြောင့် အမြဲမေးကြပေမဲ့ ဘာတွေဖြစ်နေလဲ တကယ် မသိပါဘူး”“ကျွန်တော်တို့ ဆုဖလားများစွာ ရရှိခဲ့သင့်ပေမဲ့ ဒီအသင်း ဘာကြောင့် အလုပ်မဖြစ်သလဲဆိုတာ မသိပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားနေရာ ရန်းနစ်ရောက်လာပေမဲ့ နည်းပြသစ်ကလည်း အချို့ မျှော်မှန်းထားတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။ ရန်နစ်လက်ထက် ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားက ထွက်ခဲ့ရပြီး ဗီလာ၊ ဘန်လေတို့နဲ့ပွဲတွေမှာ အမှတ်လျော့ခဲ့ပါတယ်။

ကွင်းပြင်မှာလည်း ရန်းနစ်တစ်ယောက် ကစားသမားတွေရဲ့ မကျေမနပ် စိတ်ပျက်နေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဂီယာဟာ ယခုနှစ်ရာသီ အထူးလက်စွမ်းကောင်းတွေ ပိုင်ဆိုင်ထားပေမဲ့ ယူနိုက်တက်က ဘာကြောင့် ကစားရအရမ်းလွယ်နေလဲဆိုတာ မသိပါဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ကာကွယ်တဲ့ မှတ်တမ်းတွေက ကောင်းတဲ့ဟာတွေလား မသိပါဘူး။ ပြိုင်ဘက်တွေက အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမဲ့ ကျွန်တော်က ဂိုးပေါက်ကာကွယ်ဖို့ ဒိမှာ ရှိနေတာပါ။ ဒီနှစ် ကျွန်တော် ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ရန်နစ်