ရှေ့သို့
Image

ပစ္စည်းတွေ ပစ်ပေါက်ပြီး ပေါက်ကွဲလေ့ရှိတဲ့ ရော်နယ်ဒိုကို တားဆီးမှာမဟုတ်ဘူးလို့ ရန်နစ် ဆို

10:50 AM, 12 February

ရက်ဖ် ရန်နစ်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ သိလောက်အောင် ရင့်ကျက်နေပြီမို့လို့ ပစ္စည်းတွေ ပစ်ပေါက်ပြီး ပေါက်ကွဲပြတတ်တဲ့အပေါ် တားဆီးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မကြာသေးခင်က ၃၇နှစ်ပြည့်ခဲ့တဲ့ ရော်နယ်ဒိုဟာ အင်္ဂါညဘန်လေနဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပဲ ပွဲအပြီးမှာ ဥမင်ထဲ တန်းဝင်သွားခဲ့ပါတယ်။ ရန်နစ်က ကစားသမားတွေရဲ့ body language တိုးတက်အောင် လုပ်ဖို့ တိုက်တွန်းထားပေမဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ရောက်လာပြီးနောက် ပထမဆုံးအဖြစ် stropကို ပစ်ပေါက်ခဲ့ပါတယ်။

ရန်းနစ်က “ခရစ္စတီယာနို ရော်နယ်ဒိုက အားလုံးသိတဲ့အတိုင်း ၃၇နှစ် ရှိပါပြီ။ သူ ဘာလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ သူ့ကိုယ်သူ သိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အာရုံစိုက်တာက ကျွန်တော်တို့ လွှမ်းမိုးနိုင်တဲ့အရာတွေကိုပါပဲ”“သူ ဝီစီမှုတ်ပြီးပြီးချင်း ကွင်းထဲက တန်းထွက်သွားတာက သူ ဂိုးမသွင်းနိုင်တာ၊ ရလဒ်ဆိုးတာတွေအပေါ် စိတ်ပျက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ အဲ့ဒါက ခရစ္စတီယာနိုကို ခင်ဗျားတို့ မေးရမှာပါ”“ကျွန်တော်က ပွဲပြီးမှ သတိထားမိတာပါ။ ဒါမျိုးက ကျွန်တော် ဖြေနိုင်တဲ့အရာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ၁၄ဂိုးသွင်းပြီး ထိပ်တန်းဂိုးသွင်းရှင်ဖြစ်နေပေမဲ့ ၅ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ကာ ၂၀၁၀နောက်ပိုင်း အဆိုးရွားဆုံး ဂိုးမိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

အဆိုပါအချက်နဲ့ပတ်သက်ပြီး ရန်နစ်က “ဒါက ခရစ္စတီယာနိုနဲ့ပဲ မဆိုင်ပါဘူး။ သူ ဂိုးပိုသွင်းနိုင်ခဲ့သင့်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပွဲတွေအများအပြားမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမဲ့ လုံလောက်အောင် မသွင်းနိုင်ခဲ့ပါဘူး”“ခရစ္စတီယာနိုရဲ့ ပြဿနာ မဟုတ်ပါဘူး။ အဲ့ဒါက အခြားတိုက်စစ်ကစားသမားတွေနဲ့ ဆိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်နစ်