ရှေ့သို့
Image

ခြေစွမ်းပြနေတဲ့ ကော်တင်ဟို အပြီးသတ်ခေါ်ယူနိုင်ဖို့ ဖိအားပေးကြိုးသွားမယ့် အက်စတွန်ဗီလာ

2:57 PM, 11 February

အက်စတွန်ဗီလာအသင်းဟာ ဘာစီလိုနာအပယ်ခံ ဖီလစ်ပီ ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားသွားနိုင်တယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ ဇန်နဝါရီအပြောင်းအရွှေ့က ဗီလာကို ရာသီကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

၃ပွဲသာ ကစားရသေးပေမဲ ဘရာဇီးသားဟာ ၂ဂိုးသွင်း ၂ဂိုး ဖန်တီးထားကာ ဗီလာရဲ့ အရေးပါတဲ့ ကစားသမား၁ဦးအဖြစ် အလျင်အမြန် ရပ်တည်နိုင်ခဲ့ပါတယ်။ လိဒ်စ်နဲ့ ၃ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကော်တင်ဟိုတစ်ယောက် ၁ဂိုးသွင်း ၂ဂိုးဖန်တီးကာ အထူးခြေစွမ်းပြသခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

Sportရဲ့ ဖော်ပြချက်အရ နည်းပြ ဂျရတ်ဟာ ကော်တင်ဟိုရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်တာကြောင့် အပြီးသတ် ခေါ်ယူရန် ကြိုးစားသွားနိုင်တယ်လို့ သိရပါတယ်။ ဗီလာဟာ ကော်တင်ဟိုရဲ့ စာချုပ်ထဲ ယူရို သန်း၄၀နဲ့ အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်းထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမဲ့ ဗီလာကတော့ ပြောင်းရွှေ့ကြေး လျော့ပေးဖို့ ဘာကာနဲ့ ညှိနှိုင်းတာ၊ ကော်တင်ဟိုကို လစာလျော့ယူဖို့ ညှိနှိုင်းတာမျိုး ပြုလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အဆိုပါသတင်းဟာ ၂၀၁၈ခုနှစ်က ယူရို သန်း၁၃၀နဲ့ ခေါ်ယူထားတဲ့ ဘာကာအတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုကို ဆိုက်ရောက်သွားစေခဲ့ပါတယ်။

ဒါပေမဲ့ ဗီလာကို သေချာတဲ့ ဝယ်လက်မျိုးကို ရောင်းချပြီး ပြောင်းရွှေ့ကြေးအချို့ ပြန်လည် ရှာဖွေနိုင်တဲ့အပေါ်မှာလည်း ဘာစီလိုနာ တာဝန်ရှိသူတွေ စဉ်းစားလာနိုင်ပါတယ်။

#အက်စတွန်ဗီလာ #ဘာစီလိုနာ #အပြောင်းအရွှေ့ #ကော်တင်ဟို