ရှေ့သို့
Image

ချန်ပီယံလိဂ်မှာ ကစားခွင့် ရချင်တယ်လို့ ပြောလိုက်တဲ့ ဘူကာယို ဆာကာ

9:29 AM, 11 February

ဘူကာရို ဆာကာဟာ ချန်ပီယံလိဂ်မှာ ကစားဖို့က သူ့ရဲ့အိပ်မက်ပဲလို့ ပြောကြားပြီးနောက် ကစားသမားရဲ့ အနာဂတ်ဟာ အာဆင်နယ်အသင်းမှာ မသေချာတော့ဘူးဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာခဲ့ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ဒီလူငယ်ကစားသမားလေးဟာ အာဆင်နယ်အသင်းနဲ့ ခြေစွမ်းကောင်းတွေပြသထားပြီး အင်္ဂလန်အသင်း ယူရိုဖလားပြိုင်ပွဲ မှာလဲနိုင်ငံလက် ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့် ရထားတာကြောင့် သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေ များစွာရှိနေပါတယ် ။

အာဆင်နယ်အသင်းကတော့ ကြာသပတေးညမှ ဝုဒ်အသင်းနဲ့ ကစားရတဲ့ ပွဲပြီးလျှင် ပရီးမီယားလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားဖို့ ကျန်နေသေးပြီး သူတို့ရဲ့ ရာသီကုန်ရည်မှန်းချက်ကတော့ ရာသီကုန် အဆင့်လေးအတွင်းဝင်ဖို့ပါ။ အာဆင်နယ်အသင်းဟာ နည်းပြကြီး အာဆင်ဝင်းဂါး အသင်းက မထွက်ခွာမီ ၂၀၁၆ ခုနှစ်ကထဲက ချန်ပီယံလိဂ်ဝင်ခွင့် မရရှိတော့တာဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှသာ ဘူကာကို ဆာကာကို စာချုပ်သက်တမ်းတိုးခွင့်ရနိုင်မယ့် သဘောမှာ ရှိနေပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဆာကာကို စောင့်ကြည့်မှုတွေရှိနေတယ်လို့ ပြောထားပြီး ဖြစ်တဲ့အတွက် တကယ်လို့သာ ချန်ပီယံလိဂ် ဝင်ခွင့်မရဘူးဆိုရင် မြောက်လန်ဒန်အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားကို လက်လွှတ်ရဖွယ်လဲ ရှိနေပါတယ်။

Sky Sport မှာ ဆာကာက "ချန်ပီယံလိဂ်က ထူးခြားညတွေဖန်တီးလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ချန်ပီယံလိဂ်မှာ ပါဝင်ကစားချင်တဲ့ကျွန်တော်ရဲ့ ဆန္ဒက အခုအချိန်အထိ အိပ်မက်တခု ဖြစ်နေဆဲပဲ"လို့  ဆာကာက ပြောခဲ့ပါတယ်။ ဆောင်းရာသီအပြောင်းအရွေ့မှာ အာဆင်နယ်ဟာ သူတို့အသည်းအသန် ခေါ်ယူလိုနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန်ဗယ်လာဟိုဗစ်အပါအဝင် ကစားသမားတစ်ယောက်မှ မခေါ်ယူနိုင်ခဲ့ပါဘူး။

ရီးရဲဆိုဆီဒက်ကလဲ သူတို့အသင်းကစားသမား အလက်ဇန်းဒါးအီဆတ်ကို ကမ်းလှမ်းချက်ကိုလဲ ပယ်ချခဲ့ပါတယ်။ သို့သော်လည်းနည်းပြ အာတီတာဟာ သူတို့အသင်းအနေနဲ့ ဥရောပဝင်ခွင့်အတွက် ကစားဖို့ယုံကြည်ချက်ရှိတယ်လို့ ဆိုထားပါတယ်။

ဝုဒ်နဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ နည်းပြအာတီတာက "ကျွန်တော်တို့အသင်းဟာ အသင်းကြီး တစ်သင်းဖြစ်တယ်ဆိုတာ အစဉ်အလာအရလဲ ရှိပြီးသားဖြစ်ပါတယ်။ လူတိုင်းအာဆင်နယ်အတွက် ကစားပေးချင်ပါတယ်။ အသင်းရဲ့ ဝန်ထမ်း ၊ ကစားသမား တစ်ယောက်တစ်လေကမှ သူတို့အသင်းမှာ အလုပ်မလုပ်ချင်ဘူးလို့ လာပြောတာ ဖုန်းဆက်ပြောတာမျိုးတခါမှ မကြုံဖူးပါဘူး။ ငွေကြေးနဲ့ ပတ်သက်တာမျိုးဆိုရင်တော့ ဒါက သူတို့စိတ်နဲ့ပဲဆိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေ အသင်းအတွက် ရှိပေးချင်ကြပါတယ်။ ဒီလိုအတွက်လဲ ကျွန်တော် ဝမ်းသာ ရပါတယ်"လို့ အာတီတာက ပြောခဲ့ပါတယ်။
#အာဆင်နယ် #ဆာကာ