ရှေ့သို့
Image

၁၂မှတ်ဖြတ်ထားသော်လည်း ချဲလ်ဆီး(သို့)ရေးဗားပလိတ်ကသာ ကမ္ဘာ့အကောင်းဆုံး အသင်းလို့ ဂွါဒီယိုလာပြော

3:51 PM, 10 February

ဂွါဒီယိုလာက ပရီးမီးယားလိဂ်တွင် ၁၂မှတ်ဖြတ် ဦးဆောင်ထားသော်လည်း မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး အသင်းဆိုတဲ့ ချီးကျူးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ဘရန့်ဖို့ဒ်ကို ဗုဒ္စဟူးညမှာ ၂ဂိုးပြတ် နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ခြေတစ်လှမ်းထပ်လှမ်းနိုင်ခဲ့ပါတယ်။ တည်ငြိမ်တဲ့ ခြေစွမ်းအပေါ် ချီးကျူးမှုတွေ ရှိသော်လည်း ဂွါဒီယိုလာက ကမ္ဘာ့အကောင်းဆုံးအသင်းမဟုတ်ဘူးလို့ဆိုပါတယ်။

“ကျွန်တော်တို့မန်စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်း မဟုတ်ပါဘူး အကောင်းဆုံးအသင်းက ချန်ပီယံလိဂ် ရခဲ့တဲ့ ချဲလ်ဆီး ဒါမှမဟုတ် တောင်အမေရိက ရခဲ့တဲ့ ရေးဗားပလိတ်ဘဲ ဖြစ်ပါလိမ့်မယ်။ အရေးကြီးဆုံးက ကျွန်တော်တို့ပွဲကို နိုင်ခဲ့တာပါ။ နောက်ထပ် ၃ရက်မှာ နောဝစ်ချ်နဲ့ပွဲကို ထပ်မံနိုင်အောင် ကစားသွားမှာပါ။  ဘယ်သူအကောင်းဆုံးလဲ ဆိုတဲ့ မေးခွန်းမျိုးတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး ပျော်ရွှင်စွာနေပြီး နေ့တိုင်းမှာ ပိုကောင်းအောင် ကစားရန် ကြိုးစားဖို့ပါပဲ။ စီးတီးဟာ ကစားကွက် လွမ်းမိုးခဲ့သော်လည်း ခံစစ်ပိတ်ကစားတဲ့ ဘရန့်ဖို့ဒ်ကြောင့် ကစားရ ခက်ခဲခဲ့ပါတယ်။ အဖွင့်ဂိုးရဖို့၄၀မိနစ်လောက် စောင့်ဆိုင်းလိုက်ရပြီး စတာလင်ကြောင့် ရတဲ့ ပင်နယ်တီကို မာရက်ဇ်က ကန်သွင်းကာ ဒုတိယပိုင်းတွင် ဒီဘရိုင်းက အနိုင်သေချာစေမယ့် ဂိုး ဆက်သွင်းယူခဲ့ပါတယ်။ ပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ သူတို့high pressing နဲ့အတူ တစ်ဦးချင်း ခံစစ်ကာပါတယ်။ ဒီလို ခံစစ်ကို ဖြိုခွင်းရတဲ့အခါ နေရာလွတ် မရှိပါဘူး။ ကျွန်တော်တို့စိတ်ရှည်ခဲ့ရပြီး အမှားတွေ မလုပ်ခဲ့ပါဘူး။ ဂျွန်စတုန်းရဲ့ ကောင်းမွန်တဲ့ ရွှေ့လျားမှုရယ် စတာလင်ရဲ့ ပင်နယ်တီအတွက် လှုပ်ရှားမှုတွေရယ် ကျေးဇူးတင်ရမှာပါ ဒုတိယပိုင်းက ပိုပြီး ကစားပုံကောင်းခဲ့ပါတယ် အရေးပါတဲ့ နိုင်ပွဲလည်း ဖြစ်တယ် ပွဲက ခက်ခဲမယ်ဆိုတာ ကြိုသိခဲ့ပါတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ညာနောက်ခံနေရာမှာ “ဝေါ်ကာ အစား ဝင်ကစားတဲ့ စတုန်းကို ဂွါဒီယိုလာက ချီးကျူးခဲ့ပါတယ်။ လိဒ်စ်နဲ့ပွဲမှာလည်း သူ အဆိုပါနေရာမှာ ကစားခဲ့တယ်။ ဒီကနေ့မှာ သူ ပိုပြီး ခြေစွမ်းပြခဲ့တယ် အရေးကြီးဆုံးက final third က လူပါပဲ။ သူက ပြီးပြည့်စုံမှု ရှိခဲ့ပါတယ်။ ရီယက်ဇ်ကလည်း စိတ်ချရပါတယ် သူက လိမ္မာပါးနပ်တယ် ဘယ်ဖက်မှာမဆို သူ ဂိုးသွင်းနိုင်တယ် ထောင့်ကန်ဘောတွေလည်း ထိရောက်မှုရှိတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #ဂွါဒီယိုလာ