ရှေ့သို့
Image

အသင်းကို ပြန်လည်တည်ဆောက်ရမယ့် လိုအပ်ချက်တွေ ရှိသေးတယ်လို့ တော့တင်ဟမ်ကို သတိပေးလိုက်တဲ့ ပီတာခရော့ချ်

2:33 PM, 10 February

ဗုဒ္စဟူးညနေခင်းတွင် ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ် အသင်းဟာ ပြန်လည် ပြုပြင်တည်ဆောက်ဖို့ လိုအပ်ချက်တွေ ရှိသေးတယ်လို့ကစားသမားဟောင်း ပီတာခရော့ချ်က ထောက်ပြပြောဆိုလိုက်ပါတယ်။ ပထမဆုံး ပွဲစဉ် ၁၈မိနစ်မှာဘဲ ဦးဆောင်ဂိုး ရသော်လည်း စပါးအသင်းဟာ အိမ်ကွင်းမှာပင် နည်းပြဟာဆင်ဟက်တဲလ်ရဲ့ ဆောက်သမ်တန်အသင်းကို ၃-၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အသင်းမှာ အရည်အသွေးပိုင်း တောင့်တင်းမှု မရှိခြင်းက လာမယ့်နွေရာသီမှာ တော့တင်ဟမ် ပြန်လည် ကစားသမားသစ်တွေ ခေါ်ယူဖို့လိုအပ်ချက်တွေ ရှိတယ်လို့ခရောချ်က ယူဆလျက် ရှိပါတယ်။ အသင်းမှာရှိတဲ့ အရည်အသွေးပိုင်းက ကွန်တီအတွက် ပြဿနာ ဖြစ်နေတာလားဟု မေးရာတွင် ခရောချ်က ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဘီတီစပေါ့တ်သို့ ခရော့ချ်က ပြောရာတွင်“အသင်းရဲ့ လူစာရင်းက အမြဲတမ်း ပြဿနာရှိနေပါတယ်။ သူတို့အင်အားဖြည့်ဖို့လိုအပ်နေဆဲပါ။ မန်နေဂျာကလည်း ကစားသမားတွေ ထပ်ခေါ်ချင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားသစ်တွေကလည်း ခြေစွမ်း မပြရသေးပါဘူး။ တခြားကစားသမားတွေကလည်း ခြေစွမ်းမပြနိုင်ပါဘူး ပြီးတော့ သူတို့ အသင်းလိုက် ခြေစွမ်း မပြနိုင်တာ အချိန် အတာ်ကြာပါပြီ။ ဒမ်ဘီလီက အကြောင်းရင်းများစွာဖြင့် ခြေစွမ်းမပြနိုင်ပါဘူး။ ဒယ်လီအလီကလည်း ပြောင်းရွှေ့ဖို့ အချိန်ကျ ခဲ့ပါတယ်။ ကွန်တီကို ကျွန်တော်သဘောကျတာက သူအနေနဲ့ ကစားသမားသစ်တွေအတွက် နေရာသစ်တွေ ဖန်တီးပေးခဲ့ပါတယ်။ တော့တင်ဟမ် အလုပ်ကို ကွန်တီ ယူတုန်းက တာဝန်ဟာ အမှန်ပင် ခက်ခဲတော့မယ်ဆိုတာ ကျွန်တော် ထင်ပါတယ်။ ထိပ်တန်းပစ်မှတ်တွေ သူ လွဲတယ် အဲဒီထဲက ဒီယက်ဇ်က တစ်ယောက်အပါအဝင် ဖြစ်တယ်။ အသင်းမှာ ပြန်လည်တည်ဆောက်မှုတွေ လုပ်ရမယ်”လို့ထင်တယ်။

“သူတို့ဗဟိုကွင်းလယ်ကို အားဖြည့်ထားပါတယ်။ ကွင်းလယ်မှာ သူတို့ထိပ်တန်းအသင်း တစ်သင်းဖြစ်နေဆဲလို့ ယူဆပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းအရ သူတို့ ဒီထက်ပိုကောင်းနိုင်အောင် ကစားနိုင်တယ်လို့ထင်တယ်။ တောင်ပံနေရာတွေမှာ သူတို့အင်အား ဖြည့်တင်းနိုင်ပါတယ်။ သူတို့အနေနဲ့ ထိပ်တန်း၄သင်း ဝင်ချင်တယ် ချဲလ်ဆီး၊ လီဗာပူး၊ စီးတီးတို့ကို မီချင်တယ်ဆိုရင် ပြန်လည် တည်ဆောက်မှု လုပ်ရန် လိုအပ်နေတယ် အချိန်နဲ့ပိုက်ဆံသာ ပေးရင် ကွန်တီက ဒါကို လုပ်နိုင်တဲ့ နည်းပြတစ်ဦးပါပဲ။ တောတင့်ဟမ်ရဲ့ အရည်အသွေးက အမြဲ မေးခွန်းထုတ်စရာတွေ ပြည့်နှက်နေပါတယ်။ သူတို့မှာ မသိမသာ အားနည်းချက်တွေ ရှိနေသလား? ကွန်တီ အသင်းထံ သယ်ဆောင်လာတာတွေက တိုးတက်မှု ရှိနေပါတယ်။ နူနို လက်အောက်က ပွဲတစ်ချို့ကို ကြည့်ခဲ့ဖူးပြီး ကစားသမားတွေက ကြိုးစားမှုတောင် မရှိကြပါဘူး သူတို့လုံး၀ မပြေးခဲ့ကြဘူး။ ဒီညစွမ်းဆောင်ရည်တွေကလည်း နှေးကွေးနေခဲ့ပါတယ် သူတို့ဒီလို အားနည်းချက်တွေကနေ ရှေ့ဆက် သွားနိုင်မယ်လို့မျှော်လင့်မိပါတယ်”ဟု ကစားသမားဟောင်း ခရော့ချ်က ပြောကြားသွားခဲ့ပါတယ်။
#တော့တင်ဟမ် #ပီတာခရော့ချ်