ရှေ့သို့
Image

အင်္ဂလန်က ခေါ်ယူရမယ့် ခြေစွမ်းမျိုး ရှိနေတယ်လို့လူငယ်ကြယ်ပွင့် ရမ်ဆေးအပေါ် ထောက်ခံလိုက်တဲ့ စတီဗင်ဂျရတ်

1:31 PM, 10 February

လိဒ်စ်အသင်းနဲ့ ၃-၃ သရေကျတဲ့ ပွဲတွင် ၂ဂိုး သွင်းပေးခဲ့တဲ့ လူငယ်ကြယ်ပွင့် ရမ်ဆေးအား အင်္ဂလန်အသင်းရဲ့ လူခေါ်ယူခြင်း ခံရမယ့် ခြေစွမ်းမျိုး ရှိကြောင်း အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျာရတ်က ထောက်ခံပြောကြားလိုက်ပါတယ်။ အဆိုပါပွဲတွင် ဗီလာအတွက် လူငယ်ကွင်းလယ်လူ ရမ်ဆေးက ၂ဂိုးသွင်းယူခဲ့သော်လည်း ပွဲအပြီးမှာ ၃-၃ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။

လိဒ်စ်ကစားသမား ဒန်နီရယ်ဂျိမ်းစ်က အရင်ဆုံး ဦးဆောင်ဂိုး သွင်းခဲ့ပြီး ကော်တင်ဟို၊ ရမ်ဆေးတို့က ချေပဂိုးနှင့် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။ သို့သော် ဂျိမ်းစ်ကဘဲ ပထမပိုင်းအချိန်ပိုမှာ ချေပဂိုးတစ်ဂိုး ထပ်သွင်းခဲ့ပြီး ဒုတိယပိုင်းမှာ လော်ရမ်တေးက နောက်ထပ် ချေပဂိုး ထပ်သွင်းပေးခဲ့ပါတယ်။ ၈၇မိနစ်တွင် နောက်ခံလူ ကွန်ဆာ ၂ဝါ တစ်နီဖြင့် ထုတ်ခံရသော်လည်း နည်းပြစတီဗင်ဂျရတ်က လူငယ်ကြယ်ပွင့် ရမ်ဆေးကို အဓိကထားချီးကျူးခဲ့ပါတယ်။

“အင်္ဂလန်ကစားသမားတွေရဲ့ အရည်အသွေးကို ကျွန်တော်လည်း ကစားခဲ့ဖူးတဲ့အတွက် နားလည်ပါတယ်။ အတွေ့အကြုံတွေ လုံလောက်စွာ ရရှိဖို့က အချိန်သာ လိုပါတယ် ဒါပေမဲ့ ဒီအကြောင်းနဲ့ပတ်သက်လို့ အေးဆေးတည်ငြိမ်စွာဘဲ ဆက်ကစားရမှာပါ။ သူရဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့သူကို ဘောလုံးကစားစေချင်ပါတယ်။ သူမှာ ထိပ်တန်း အရည်အသွေးရှိတယ်။ သူနဲ လက်တွဲရတဲ့ မိနစ်တိုင်းကို ကျွန်တော် သဘောကျမိပါတယ်။ သူက ပွဲစဉ်တိုင်းမှာ တဖြည်းဖြည်း ပိုသန်မာလာပါတယ်။ ဘာလို့လဲဆိုတော့ သူ ကိုယ်တိုင် သက်သေပြနိုင်မယ့် အခွင့်အရေးကို ပေးထားပါတယ်။ သူလည်း နေရာကောင်းမှာ ရှိနေပါတယ်။ ပွဲထွက်မှာ လူအများကြီး ရွေးစရာ ရှိပါတယ်။ ကျွန်တော်နှင့် နည်းပြအဖွဲ့ကတော့ ရှေ့ဆက်သွားဖို့တိုးတက်အောင် လုပ်ရမှာပါ။ ကျွန်တော်ကတော့ အကောင်း မြင်ပါတယ်။ ဖီလစ်ပီရဲ့ ဒီည စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် သူရဲ့ သွင်းဂိုးနှင့် ဂိုးဖန်တီးမှုတင် မဟုတ်ပါဘူး။ ဒါတွေကို သင်ကြည့်ရတာ သဘောမကျဘူးဆိုရင် ဘောလုံးပွဲ မကြည့်သင့်တော့ပါဘူး။ သူ ကစားပြသွားတာက လှပသေသပ်တဲ့ ကစားဟန်ပါပဲ”ဟု စတီဗင်ဂျရတ်က ပြောကြားခဲ့ပါတယ်။

တဖက်မှာလည်း လိဒ်စ်နည်းပြကြီး ဘီရယ်ဆာက ဒန်နီရယ်ဂျိမ်းစ်ရဲ့ ခြေစွမ်းကို သဘောကျလျက်ရှိနေသည်။

“ဒန်နီရယ်အတွက် ကျွန်တော် အရမ်းပျော်ရွှင်ပါတယ် သူ ကျွန်တော်တို့ပွဲအတွက် ကူညီပံ့ပိုးတာတွေအပေါ် တန်ဖိုးထားပါတယ် သူ ဂိုးသွင်းတဲ့အခါ ပိုပြီး အဆင်ပြေပါတယ်။ ဂိုးမသွင်းနိုင်ရင်တောင်မှ အသင်းအတွက် ကူညီပံ့ပိုးပေးတတ်တဲ့ သူပါ”ဟု ဆိုသွားခဲ့ပါတယ်။

#လိဒ်စ်ယူနိုက်တက် #အက်စတွန်ဗီလာ #ရမ်ဆေး #စတီဗင်ဂျရတ်