ရှေ့သို့
Image

မက်ဂွာရီရဲ့ နေရာမှာ အစားထိုးဖို့ လိုအပ်နေပြီလို့ ပြောခဲ့တဲ့ ကလီဘာဆန်

1:09 PM, 10 February

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ကလီဘာဆန်က ယူနိုက်တက်ရဲ့ ခံစစ်အတွဲနေရာမှာ ရာဖေးလ်ဗာရာနီနဲ့ ဗစ်တာလင်ဒီလော့ဖ်အတွဲက ပိုပြီးအဆင်ပြေနိုင်တယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂါညက ဘန်လေနဲ့ ၁-၁ သရေကျသွားတဲ့ပွဲမှာ ဂျေးရိုဒရီဂွက်ဇ်ရဲ့ ချေပဂိုးကို မက်ဂွာရီရဲ့ အမှားကနေ ပေးလိုက်ရတာကြောင့် ဝေဖန်မှုတွေများစွာ ကြုံတွေ့ခဲ့ရပါတယ်။

ရီယိုဖာဒီနန်ကလည်း ဒီလောက် ဖရိုဖရဲဖျက်ထုတ်မှုတွေနဲ့တောင် ကွင်းထဲမှာဆက်ရှိနေတာ ကံကောင်းလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ကလီဘာဆန်ကလည်း နည်းပြရာ့ဖ်ရန်နစ်အနေနဲ့ အင်္ဂလန်လက်ရွေးစင်ကို ယူနိုက်တက်ခံစစ်မှာ ပွဲထွက်ကစားအဖြစ် အသုံးပြုခြင်းကို ရပ်တန့်လိုက်ရင် ပိုကောင်းတဲ့ ရလဒ်တွေ ရရှိနိုင်ကြောင်း အကြံပေးခဲ့ပါတယ်။

ကလီဘာဆန်က “မန်ချက်စတာယူနိုက်တက်က ခံစစ်ကြောင်းမှာ ဟယ်ရီမက်ဂွာရီထက်စာရင် ရာဖေးလ်ဗာရာနီနဲ့ ဗစ်တာလင်ဒီလော့ဖ်ကို တွဲသုံးတာက ပိုကောင်းမယ်လို့ထင်တယ်။ ဟယ်ရီမက်ဂွာရီကလည်း ကစားသမားကောင်းတစ်ယောက်ပါ အတွေ့အကြုံလည်းများတယ်။ သူကခံစစ်ကို ကောင်းကောင်းထိန်းနိုင်သူ ဖြစ်ပေမယ့် ဒီရာသီကတော့ သူ့အတွက် ပရီးမီးယားလိဂ်မှာ ကစားရတာ အရမ်းခက်ခဲနေပါတယ်။ အထူးသဖြင့် တစ်ယောက်ချင်း ရှင်းထုတ်မှုတွေမှာ သူကနှေးလွန်းနေတယ်။ မြန်နှုန်းက သူ့ရဲ့အဓိကအားနည်းချက် ဖြစ်နေတယ်။ အသင်းက ရလဒ်ဆိုးနေတဲ့အချိန်မှာ ငါဘာလုပ်ရင် ဘာတွေတိုးတက်လာမလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်သိအောင် အရင်လုပ်သင့်တယ်။ သူပိုကောင်းလာမှ သူ့ကိုဝန်းရံထားတဲ့ ကစားသမားတွေလည်း ပိုကောင်းလာလိမ့်မယ်။ သူကပုံမှန်နေရာရမယ့် ကစားသမားမျိုးပါ။ ဒါပေမယ့် အခုချိန်ကတော့ သူ့ကိုအမြဲတမ်း အသုံးပြုဖို့ခက်ပါတယ်၊ သူပါလာရင် ပြိုင်ဘက်တွေအတွက် အားသာချက်ရှိသွားသလိုပဲ။ မက်ဂွာရီရဲ့ လက်ရှိခြေစွမ်းနဲ့ ပတ်သက်လို့ အတော်များများက အတွေးတွေရောထွေးနေကြပြီ။ ရန်နစ်သာ သူ့ကိုခဏချန်လှပ်လိုက်ရင် ပိုကောင်းတဲ့ပုံစံနဲ့ သူပြန်လာပါလိမ့်မယ်”

“မန်ချက်စတာယူနိုက်တက်အနေနဲ့ ဟယ်ရီမက်ဂွာရီရဲ့နေရာမှာ ဗဟိုခံစစ်မှူးသစ်တစ်ဦးနဲ့ အစားထိုးဖို့လိုပါတယ်။ သူကခေါင်းဆောင်ကောင်းတစ်ယောက်ပါ။ ဒါပေမယ့် ခြေစွမ်းတော့ မပြနိုင်ဘူး။ အထူးသဖြင့် တစ်ယောက်ချင်းပေါ့။ ပိုမြန်ပြီး၊ အမြင့်ဘောရှင်းထုတ်ပုံကောင်းတဲ့ ကစားသမားမျိုးမှ တန်ပြန်တိုက်စစ်တွေကို ရပ်တန့်နိုင်မှာပါ။ ကျွန်တော်ကတော့ ဂျူဗင်တပ်စ်က ဒီလစ်ကို သဘောကျပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ခေါ်ခဲ့သင့်တဲ့ ကစားသမားပါ။ မန်ချက်စတာယူနိုက်တက်က ဒီလစ်လိုကစားသမားမျိုး လိုအပ်နေတာပါ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #မက်ဂွါရီ #ဒီလစ်ချ် #ကလီဘာဆန်