ရှေ့သို့
Image

အယ်ဟီလယ်နဲ့ ပွဲစဉ်က လူကာကူရဲ့ စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်တယ်လို့ ချဲလ်ဆီး လက်ထောက်နည်းပြဆို

10:22 AM, 10 February

ချဲလ်ဆီးအသင်းက လူကာကူရဲ့ ယမန်နေ့ည သွင်းဂိုးဟာ ဘယ်လ်ဂျီယံတိုက်စစ်မှူးကို ထိပ်တန်းအဆင့် ပြန်ရောက်နိုင်အောင် ယုံကြည်မှု ပြန်ရလာစေမယ်လို့ ယုံကြည်နေပါတယ်။ လူကာကူဟာ ယမန်နေ့ညက အယ်ဟီလယ်ကို အနိုင်ယူကာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ချဲလ်ဆီးအတွက် ၁လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ပေါင် ၉၈ သန်းတန် တိုက်စစ်မှူးကြီးဟာ ၅ ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို အဘူဒါဘီ မိုဟာမက် ဘင် ဇာယက်ဒ် ကွင်းကြီးထဲမှာ အဆုံးသတ်ခဲ့ပြီး အသင်းနိုင်ပွဲအတွက် အရေးပါတဲ့သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဗိုလ်လုပွဲမှာ ဘရာဇီးကလပ် ပါမီးရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ လက်ထာက်နည်းပြ ဇောလိုကတော့ ယမန်နေ့ညပွဲမှာ နိုင်ပွဲရအောင် ကူညီပေးခဲ့တဲ့ လူကာကူကို ချီးကျူးခဲ့ပါတယ်။

လိုက “အားလုံးက သူ ဂိုးသွင်းတဲ့အခါ အလွန်ပျော်နေကြပါတယ်။ သူ ဒီပွဲမှာ အစွမ်းကုန် တိုက်ပွဲဝင်ပြီး အားထုတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ သူ့ကို တောက်လျောက် အခွင့်အရေးတွေ ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဂိုးရဖို့အတွက် ကံတော်တော် ကောင်းခဲ့ပါတယ်”“သူ အရမ်းပျော်နေပြီး ကျွန်တော်တို့လည်း ပျော်နေကာ ဗိုလ်လုပွဲမှာလည်း ဂိုးထပ်သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

နည်းပြ ဂျာဒင်း ကိုင်တွယ်နေတဲ့ အယ်ဟီလယ်အသင်းဟာ ဒုတိယပိုင်းမှာ ချဲလ်ဆီးကို အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး ဂိုးသမား ကီပါသာ မကယ်ရင် အသင်းက ထပ်မံရုန်းကန်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်သွားရနိုင်ပါတယ်။

လိုက “ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး လွတ်လပ်မှုနဲ့ ဟန်ချက်တွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ကျွန်တော်တို့ နည်းနည်း ရှုပ်ရှုပ်ထွေးထွေး စတင်ခဲ့ရပြီး ကစားရတာ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ အဖြေရှာဖို့အတွက် တော်တော်လေး တိုက်ပွဲဝင်ခဲ့ရပါတယ်”“အဖြေရှာဖို့အတွက် ကျွန်တော့်အမြင်က ရှိပေမဲ့ အဲ့ဒါကို အလွယ်တကူ မတွေ့ခဲ့ပဲ ပွဲစဉ်အတွင်း ဟန်ချက်ညီမှု တော်တော်လေး ပျောက်ဆုံးခဲ့ပေမဲ့ ရလဒ်ကောင်းအောင် တိုက်ပွဲဝင်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပါတယ်”

“ဒီပြိုင်ပွဲက အသင်းအတွက် အလွန်အရေးကြီးပါတယ်။ ကစားသမားတွေမှာ ဖိအားတွေ ရှိနေပြီး ဒါကြောင့်လည်း လွယ်ကူတဲ့ အဖြေရှာနည်းနဲ့ ဂိုးသွင်းနိုင်ခြင်း မရှိခဲ့တာပါ။ ကစားသမားတွေ အကောင်းဆုံး ကစားခဲ့ပြီး ဂိုးမပေးခဲ့ရပဲ ဒုတိယဂိုးရဖို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #လူကာကူ