ရှေ့သို့
Image

ဆာလက်နဲ့ ဗန်ဒိုက် ဘယ်သူက လီဗာပူး အဓိက ကစားသမားလဲ ငြင်းခုန်မှုမှာ သူ့ရဲ့အမြင်ကို ပြောပြသွားတဲ့ လိုင်နီကာ

12:47 PM, 9 February

ဂယ်ရီ လိုင်နီကာက မိုဟာမက် ဆာလက်နဲ့ ဗာဂျီ ဗန်ဒိုက် ဘယ်သူက လီဗာပူးရဲ့ အဓိက ကစားသမားလဲဆိုတဲ့ ငြင်းခုန်မှုမှာ သု့ရဲ့ အမြင်ကို ပြောပြလာခဲ့ပါတယ်။ နည်းပြ ဂျာဂင် ကလော့ပ်လက်ထက် လီဗာပူးအသင်း အောင်မြင်မှုတွေ ပြန်ရလာမှုမှာ အဆိုပါ ကစားသမား၂ဦးက အဓိကကျခဲ့ပါတယ်။

သူတို့ မရောက်လာခင်က လီဗာပူးအသင်းဟာ ထိပ်သီး၄သင်းနေရာရဖို့တောင် ရုန်းကန်ခဲ့ရပြီး မန်စီးတီး၊ ချဲလ်ဆီးတို့အပြင် တော့တင်ဟမ်နဲ့ပါ ယှဉ်ပြိုင်ပြီး ဆုဖလား စိန်ခေါ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးကာ မန်စီးတီးနဲ့ ယှဉ်နိုင်တဲ့ ၁သင်းတည်းသောအသင်းအဖြစ် ရှိနေခဲ့ပါတယ်။

ဆာလက်ရဲ့ ဂိုးတွေနဲ့ ဗန်ဒိုက်ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေသာ မပါဘူးဆိုရင် လီဗာပူးတို့ အဆိုပါ အောင်မြင်မှုတွေ ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆာလက်နဲ့ ဗန်ဒိုက်တို့ကြား ဘယ်သူက အဓိက ကစားသမားလဲဆိုတာ ပရိသတ်တွေကြား အမြဲ အငြင်းအခုန် ဖြစ်ခဲ့ကြပါတယ်။

ယခုအချိန်မှာတော့ Match Of The Dayမှ သုံးသပ်သူ လိုင်နီကာက အဆိုပါ ငြင်းခုန်မှုတွေထဲ သူ့ရဲ့ အမြင်ကို ပြောလာခဲ့ပါတယ်။ တွစ်တာက ဗီဒီယိုထဲ ဖြေကြားရာမှာ လိုင်နီကာက “အဓိက ကစားသမားဆိုတာ ဗန်ဒိုက်လို အရမ်းကောင်းတဲ့သူကို မခေါ်လို့ ဘယ်သူ့ခေါ်မလဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ အီဂျစ်နဲ့ အာဖရိကဖလား လွဲချော်ခဲ့ပြီး ၂ရက်အကြာမှာပဲ လီဗာပူးနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေခဲ့ပါတယ်။ ဒါကြောင့် ကြာသပတေးည လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အီဂျစ်သားတစ်ယောက် ပြန်ပါလာနိုင်ကြောင်း နည်းပြ ကလော့ပ်က အတည်ပြုထားခဲ့ပါတယ်။

မာနေးကတော့ ဆီနီဂေါနဲ့ သမိုင်းဝင် အောင်ပွဲအပြီး နိုင်ငံမှာ အောင်ပွဲခံလျက် ရှိကာ အန်ဖီးလ်ကို ပြန်လာခြင်း မရှိသေးပါဘူး။

#လီဗာပူး #ဗန်ဒိုက် #ဆာလက် #လိုင်နီကာ