ရှေ့သို့
Image

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင် ဆာကာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အာဆင်နယ် ခက်ခဲနိုင်

11:06 AM, 9 February

အာဆင်နယ်အသင်း အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင် ဆာကာကို စာချုပ်သစ် ချုပ်ဆိုဖို့ နဲ့ အသင်းလူအင်အားဖြည့်တင်းဖို့ ခက်ခဲနိုင်တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ လူအင်အားဖြည့်တင်းချင်နေပြီး တိုက်စစ်မှူး ၂ ဦး ၊ ကွင်းလယ်လူတစ်ဦး နဲ့ ညာနောက်ခံလူ ၁ ဦးခေါ်ယူချင်နေပါတယ်။ သတင်းတွေအရ အာဆင်နယ်ဟာ ဆာကာကို စာချုပ်သစ် ချုပ်ဖို့အတွက် ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

ဒါပေမယ့် ထွက်ပေါ်လာတဲ့သတင်းတွေအရ အပြောင်းအရွှေ့လှုပ်ရှားမှုဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သက်ဆိုင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခြားတစ်ဖက်မှာလည်း ဆာကာက ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ကာ အာဆင်နယ်အနေနဲ့ စာချုပ်သစ်ကိစ္စက ထိပ်ဆုံး ၄ သင်းနေရာနဲ့ သက်ဆိုင်နေတာဖြစ်ပါတယ်။

ဆာကာဟာ ကမ္ဘာ့အကောင်းဆုံးလူငယ်တွေထဲကတစ်ဦးဖြစ်ပြီး လီဗာပူး နဲ့ ယူနိုက်တက်တို့က အသက် ၂၀ အရွယ် ကစားသမားကို စောင့်ကြည့်နေပါတယ်။ အာဆင်နယ်ဟာ အင်္ဂလန်သားကို မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး တစ်ပတ်လုပ်ခပေါင် ၃ သိန်းခွဲလောက်ရှိနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အင်္ဂလန်အသင်းဖော်တွေဖြစ်တဲ့ ဆန်ချို ၊ ဖိုဒန် နဲ့ ဘယ်လင်ဟမ်တို့ဟာ ချန်ပီယံလိဂ် ကစားနေကြတာဖြစ်ပေမယ့် ဆာကာကတော့ ချန်ပီယံလိဂ်မကစားရသေးတာဖြစ်ပါတယ်။ ဆာကာရဲ့ စာချုပ်သက်တမ်းက ၂ နှစ် ကျန်ရှိနေသေးတာဖြစ်ပေမယ့် အာဆင်နယ်အသင်းက ကာလရှည်စာချုုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် အလက်ဇန်းဒါး အီဆက်ကို ခေါ်ယူချင်နေပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ရမှသာ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဇန်နဝါရီတုန်းက အာဆင်နယ်ဟာ ဦးစားပေးပစ်မှတ် ဗလာဟိုဗစ်ကို ကြိုးပမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အာဆင်နယ်ထက် ဂျူဗင်တပ်စ်ကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် လက်လွှတ်ခဲ့ရပါတယ်။

သို့ပေမယ့် အာဆင်နယ်ဟာ ဆွီဒင်တိုက်စစ်မှူးကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရင် အလွယ်တကူခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ၂၀၁၇ နောက်ပိုင်းကတည်းက ချန်ပီယံလိဂ်မှာ ကစားရတာဖြစ်ပြီး လက်ရှိမှာ ယူနိုက်တက်နဲ့ ၂ မှတ်အကွာ အနေအထားမှာ ရပ်တည်နေပါတယ်။

#အာဆင်နယ် #ဆာကာ