ရှေ့သို့
Image

သူနဲ့ ဝမ်ဘစ်ဆာကာရဲ့ ပြိုင်ဆိုင်မှုက အသင်းကို ပိုတိုးတက်စေတယ်လို့ပြောခဲ့တဲ့ ဒါလော့

3:42 PM, 8 February

မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ ဒီယိုဂိုဒါလော့က လက်ရှိအသင်းမှာ ကစားခွင့်ရနေတဲ့အပေါ် ဝမ်းသာကြောင်းနဲ့ နေရာရဖို့ အပြိုင်ကြိုးစားနေရတဲ့ သူနဲ့အသင်းဖော် အာရွန်ဝမ်ဘစ်ဆာကာတို့ရဲ့ ပြိုင်ဆိုင်မှုကြောင့် အသင်းကပိုပြီး တိုးတက်လာကြောင်း ပြောခဲ့ပါတယ်။

ပေါ်တူဂီနောက်ခံလူဟာ နိုဝင်ဘာလမှာ နည်းပြရာ့ဖ်ရန်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက်မှာ အသင်းမှာပုံမှန် နေရာရလာခဲ့ပါတယ်။ ဒါလော့က “ပွဲကစားခွင့်တွေ ပိုရပြီး ပွဲထဲမှာ ပါဝင်ကစားခွင့်ရလာ ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်။ ပိုပြီး ယုံကြည်မှုတိုးလာပြီး အသင်းနဲ့လည်း ကစားရတာ အံဝင်လာပါတယ်။ အာရွန်လိုကစားသမားမျိုးနဲ့ ပြိုင်ဆိုင်နေရတာ ကျွန်တော့်အတွက်လည်း အရမ်းကောင်းပါတယ်။ ဒီလိုကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုရှိနေတာက ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက်ရော၊ အသင်းအတွက်ပါ ကောင်းပါတယ်။ နှစ်ယောက်စလုံးက ကစားခွင့်ရဖို့အတွက် နေ့တိုင်းလိုလို ပိုပြီးကြိုးစားဖြစ်တယ်လေ။ ကျွန်တော်ကိုယ်တိုင်လည်း နေ့တိုင်းလိုလို ကြိုးစားလေ့ကျင့်နေတဲ့အတွက် ဒီပြိုင်ဆိုင်မှုလေးက အားလုံးအတွက် အကျိုးရှိတဲ့ ပြိုင်ဆိုင်မှုပါပဲ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #ဝမ်ဘစ်ဆာကာ