ရှေ့သို့
Image

ကာဗာနီကို နားရက်ပိုပေးတာနဲ့ ပတ်သက်လို့ ရှင်းပြလာတဲ့ ယူနိုက်တက်နည်းပြ ရန်နစ်

2:42 PM, 8 February

ယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ တိုက်စစ်မှူး ကာဗာနီကို နားရက်ပိုပေးခဲ့တာနဲ့ပတ်သက်လို့ ရှင်းပြလာပါတယ်။

အဆိုပါဆုံးဖြတ်နဲ့ပတ်သက်လို့ ကာဗာနီရော ရန်းနစ်ပါ လူမှုမီဒီယာမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပြီး အထူးသဖြင့် သောကြာနေ့ညက မစ်ဒယ်ဘရော့ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ အက်ဖ်အေဖလားကနေ ထွက်ခဲ့ရလို့ ယူနိုက်တက်ပရိသတ်တွေ ပိုမိုပေါက်ကွဲခဲ့ပါတယ်။ အဲဒီပွဲမှာ ယူနိုက်တက်ဟာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ အထိရှိခဲ့ပေမယ့် တစ်ဂိုးပဲသွင်းနိုင်ခဲ့ပြီး ပရိသတ်တွေကတော့ တကယ်လို့ ကာဗာနီသာ ပါလာရင် အခြေအနေပြောင်းလဲသွားနိုင်တယ်လို့ ယူဆနေပါတယ်။

''ကာဗာနီဟာ ဥရုဂွေးမှာ မိနစ် ၉၀ပြည့်ကစားခဲ့ပြီး ပုံမှန်စီစဉ်ထားတဲ့အတိုင်း သူပြန်လာမယ်ဆိုရင်လည်း မစ်ဒယ်ဘရော့နဲ့ပွဲမှာ ပါနိုင်မှာမဟုတ်ပါဘူး။ သူ့အနေနဲ့ အရန်စာရင်းထဲ ပါဝင်လာနိုင်ပြီး အချိန်ပိုမှာ လူစားဝင်ကစားတာမျိုးတော့ ဖြစ်နိုင်ပါတယ်''''ဒါပေမဲ့ အခုလိုအခွင့်အရေးတွေ အများကြီးမဆုံးရှုံးရစေဖို့ ကျွန်တော်တို့အသင်းမှာ လုံလောက်တဲ့ အရည်အသွေင်းမြင့်ကစားသမားတွေရှိပါတယ်။ ကာဗာနီက ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ နိုင်ငံတကာရက်သတ္တပတ်အပြီး ၂ရက်လောက် ခွင့်ပေးပါလားလို့ တောင်းဆိုခဲ့ပါတယ်''''အဲဒီအချိန်တုန်းက ဂရင်းဝုဒ်ရဲ့ပြဿနာလည်း မပေါ်သေးလို့ ခွင့်ပြုလိုက်တာပါ''လို့ ရန်းနစ်က ပြောပါတယ်။

ကာဗာနီဟာ ယနေ့ညကစားရမယ့် ဘန်လေနဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်လာနိုင်ပြီး ရော်နယ်ဒို(၁၀ကြိမ်)၊ ရက်ရှ်ဖို့ဒ်(၆ကြိမ်)နဲ့ ဖာနန်ဒက်စ်(၆ကြိမ်)တို့ စုစုပေါင်းကန်သွင်းချက် ၂၂ကြိမ်အထိ ရှိခဲ့ပေမယ့် တစ်ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကာဗာနီကလည်း ယခုရာသီမှာ အသင်းအတွက် စုစုပေါင်း ၆၆၈ မိနစ်ကစားခွင့်ရထားပေမယ့် ၂ဂိုးပဲ သွင်းယူထားနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာဗာနီ #ရန်နစ်