ရှေ့သို့
Image

မီလန်ဒါဘီမှာ သီယို ဟာနန်ဒက်ဇ်ကို လော်တာရို မာတီနက်ဇ် တံတွေးနဲ့ ထွေးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရ

11:06 AM, 8 February

လော်တာရို မာတီနက်ဇ်ဟာ စနေည မီလန်ဒါဘီပွဲစဉ်အတွင်း အေစီမီလန် နောက်ခံလူ သီယို ဟာနန်ဒက်ဇ်ကို တံတွေးနဲ့ ထွေးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာ အင်တာက ပါရီဆစ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ တိုက်စစ်မှူး ဂျီရော့ဒ်ရဲ့ ၄မိနစ် သွင်းဂိုး၂ဂိုနဲ့အတူ အေစီမီလန်တို့ အနိုင်ရခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဟာနန်ဒက်ဇ်တစ်ယောက် အင်တာနောက်ခံလူ ဒမ်ဖရီးစ်ကို လူချကစားပုံ ကြမ်းခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ယ်ခဲ့ပါတယ်။ ပြင်သစ်သား အနီကတ်ကြောင့် ကွင်းထဲက ထွက်သွားချိန် လူစားလဲခံထားရတဲ့ မာတီနက်ဇ်က အနားကပ်ပြီး ပြိုင်ဘက်ကို တံတွေးနဲ့ ထွေးခဲ့တဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ အပြုအမူအပေါ် ဟာနန်ဒက်ဇ်က ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် ၂ဦးစလုံးကို အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေက ဖြန်ဖြေခဲ့ရပါတယ်။

အဆိုပါအဖြစ်အပျက်အပေါ် TheMilanGuys တွစ်တာက တင်ထားခဲ့ရာမှာ “လော်တာရို မာတီနက်ဇ်က အနီကတ်ထိလာတဲ့ သီယိုကို တံတွေးနဲ့ ထွေးခဲ့ပါတယ်။ ဗီဒီယိုထဲမှာလည်း သူ အဲ့လို လုပ်ခဲ့တာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်”“အထူးသဖြင့် ကိုဗစ် အချိန်ကြီးမှာ ဒီလို တံတွေးနဲ့ ထွေးတာက ၃ပွဲကနေ ၅ပွဲကြား ပယ်ခံရသင့်ပါတယ်။ စီးရီးအေ မှန်ကန်တဲ့အရာ လုပ်နိုင်မလား စောင့်ကြည့်တာပေါ့”လို့ ရေးခဲ့ပါတယ်။

မီလန်ပရိသတ် နောက်တစ်ဦးကလည်း “လော်တာရို တံတွေးနဲ့ ထွေးခဲ့ပါတယ်။ ဗီဒီယိုကို အနီးကပ်ဆွဲကြည့်ပါ။ ရွံစရာကောင်းပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။

မာတီနက်ဇ်ဟာ လက်ရှိ ချန်ပီယံ အင်တာအသင်း နိုင်နေရာကနေ ရှုံးသွားခဲ့လို့ စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။ မီလန်ဒါဘီ နောက်ဆုံး ၁၀ပွဲအတွင်း အေစီမီလန် အသာရခဲ့တာ ၂ကြိမ်သာ ရှိခဲ့ပါတယ်။ လက်ရှိ အင်တာက ၅၃မှတ်နဲ့ ဇယားထိပ်မှာ ရပ်တည်နေပေမဲ့ အေစီနဲ့ နာပိုလီတို့က ၅၂မိနစ်နဲ့ နောက်ကနေ ဖိအားပေးနေကြပါတယ်။

#ဒါဘီ #အေစီမီလန် #ဟာနန်ဒက်ဇ် #မာတီနက်ဇ်