ရှေ့သို့
Image

ဒီရာသီယူနိုက်တက်ရဲ့ အကောင်းဆုံး ဆုဖလားအခွင့်အရေးတွေ မရှိတော့ဘူးလို့ ရန်နစ် ဝန်ခံပြောကြား

9:10 AM, 8 February

ယူနိုက်တက်နည်းပြ ရန်နစ်က အက်ဖ်အေဖလားမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ မစ်ဒယ်ဘရော့အသင်းကို အရေးနိမ့်ပြီးထွက်ခွာခဲ့ရပြီးနောက် ဒီရာသီဆုဖလားရမယ့်အကောင်းဆုံး အခွင့်အရေးတွေမရှိတော့ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

သောကြာနေ့တုန်းက ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အိမ်ကွင်းမှာအရေးနိမ့်ပြီးနောက် ယူနိုက်တက်အတွက် နောက်ဆုံးမျှော်လင့်ချက်က ချန်ပီယံလိဂ်ဝင်ခွင့်သာရှိနေပြိး မန်စီးတီးနဲ့ကလည်း ၁၉ မှတ်အထိ ကွာဟနေပါတယ်။ ယူနိုက်တက်ဟာ အခုလမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အက်ဖ်အေဖလား ဖလားဟာ ယူနိုက်တက်ရဲ့မျှော်လင့်ချက်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"မှန်ပါတယ်။ ဒါပေမယ့် အဲ့တာက စိတ်ကူးသက်သက်ပါ။ ထိပ်တန်းအသင်းတွေအများကြီး ချန်ပီယံလိဂ်မှာ ဝင်ပြိုင်နေတာပါ။ ထိပ်တန်းကလပ် ၁၆ သင်းလောက်ရှိနေပါတယ်။ အဲ့တာက အလှမ်းဝေးလွန်းပါတယ်။ မစ်ဒယ်ဘရော့နဲ့ပွဲအတွက် ဘယ်လောက်အထိ ပြင်ဆင်ခဲ့သလဲဆိုတာ အားလုံးမြင်နိုင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရရှိချင်ခဲ့တာပါ။ ဒါပေမယ့် အခွင့်အရေးကောင်းတွေ အသုံးမချနိုင်ခဲ့သလို ဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။ ဒီပွဲက သာမန်အချိန်မှာဆို ၃ ဂိုးလောက် ပထမပိုင်းမှာ ပြတ်နေရမှာပါ။ ဒါပေမယ့် အဲ့တာ မဖြစ်လာခဲ့ပါဘူး။ စကားမစပ် ကျွန်တော်တို့တင်ပဲလားဆိုတော့ အခြားအသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့လည်း ပြဿနာရှိခဲ့တာပါ။ ကျွန်တော်တို့ အနိုင်မရခဲ့သလို နောက်တစ်ဆင့်လည်း မတက်နိုင်ခဲ့ပါဘူး။ အက်ဖ်အေဖလားက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ဖလားရနိုင်မယ့် အခွင့်အရေးပါ။ အခုတော့ အကောင်းဆုံး အခြေအနေတစ်ခုကနေ အဆိုးဆုံးဖြစ်ခဲ့ပါပြီ"လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကိုသာ တက်ရောက်နိုင်ခဲ့ရင် မေလမှာ ကစားရမှာဖြစ်ပါတယ်။  ဒီရာသီဆုဖလားအောင်မြင်မှုမရခဲ့ရင် ယူနိုက်တက်ဟာ ၅ နှစ်ဆက် ဆုဖလားလက်မဲ့ဖြစ်ခဲ့တာဖြစ်ပြီး ၂၀၁၇ တုန်းက မော်ရင်ဟို လက်အောက်မှာ ယူရိုပါလိဂ်ဖလားနောက်ဆုံးရရှိခဲ့တာဖြစ်ပါတယ်။

မစ်ဒယ်ဘရော့ရဲ့ချေပဂိုးကို ရန်နစ်က လက်ထိဘောလို့ ဝေဖန်ခဲ့ပြီး မပေးခဲ့သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်