ရှေ့သို့
Image

“ အပြင်မှာတွေ့တော့ရော်နယ်ဒိုကအရမ်းချောတယ်” လို့ ဝန်ခံခဲ့တဲ့ ဒေးလ်ဖရိုင်း

7:27 PM, 7 February

မစ်ဒယ်ဘရော့နောက်ခံလူ ဒေးလ်ဖရိုင်းကတော့ မန်ချက်စတာယူနိုက်တက်ကို အံ့အားသင့်ဖွယ် နိုင်ပွဲရရှိခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ၃၇ နှစ်အရွယ် ခရစ္စတီယာနိုရော်နယ်ဒိုက အပြင်မှာအရမ်းကြည့်ကောင်းပြီး ချောမောလွန်းနေတာကြောင့် မျက်လုံးချင်းမဆုံရဲခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ 

ဗဟိုနောက်ခံလူဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၁၂၀ လုံး ကစားသွားခဲ့သလို အဆုံးအဖြတ် ပင်နယ်တီကန်သွင်းရာမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ရှက်ဖီးလ်ယူနိုက်တက် နည်းပြဟောင်း ခရစ်ဝှိုင်လ်ဒါရဲ့ မစ်ဒယ်ဘရော့ဟာ FA ဖလားစတုတ္ထအဆင့်ကနေ နောက်ဆုံး ၁၆ သင်းအဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ဖရိုင်းဟာ တစ်ပွဲလုံးလိုလို ပေါ်တူဂီတိုက်စစ်မှူးကြီးကို လူကပ်ကစားခဲ့ရပြီး ယူနိုက်တက်စတားကို ဂိုးမသွင်းနိုင်အောင် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်မှာတော့ နစ်မြောသွားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဖရိုင်းက ရော်နယ်ဒိုနဲ့ ရင်ဆိုင်ခဲ့ရပုံကို “ ကျွန်တော်သူနဲ့ ဘာစကားမှ မပြောနိုင်ခဲ့ပါဘူး။ အမှန်အတိုင်းဝန်ခံရရင် သူ့မျက်နှာကို စေ့စေ့မကြည့်ရဲခဲ့ဘူး။ 

ဒါပေမယ့် စိတ်ထဲမှာတော့ “ သူကအတုအယောင်များလား၊ ဘာလို့အပြင်မှာ အဲ့လောက်ကြည့်ကောင်းပြီး ချောနေရတာလဲ ” ဆိုပြီးပဲ တွေးနေမိတယ်။ သူ့အနားကပ်ရတိုင်း စိတ်ထဲမှာတော့ အံ့သြနေမိတယ် ” လို့ ပြောခဲ့ပါတယ်။ ဖရိုင်းဟာ ယူနိုက်တက်နဲ့အိုးလ်ထရက်ဖို့ဒ်မှာ မရင်ဆိုင်ရခင်ကတည်းက ရော်နယ်ဒိုကိုနှစ်သက်သူဖြစ်ပြီး ကွင်းထဲမှာ စကားပြောချင်ခဲ့တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ 

ဖရိုင်းက ဆက်လက်ပြီး “ ထပ်ပြီးဝန်ခံရရင် ကျွန်တော်အရမ်းကို တိတ်ဆိတ်နေမိခဲ့တယ်။ သူ့နားကပ်နေရမလား ခွာနေရမလားလို့တောင် လျှောက်တွေးမိတယ်၊ “ Alright mate ” ဆိုတဲ့ တစ်ခွန်းတော့ ပြောလိုက်မိတယ်ပြီးတော့ သူစကားပြောနေတာတွေကိုပဲ ကြည့်နေမိခဲ့ပါတယ် ” ဆိုပြီး ဝန်ခံသွားခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်တော့ ဒီရာသီယူနိုက်တက်အတွက် ပထမဆုံးဆုဖလား ရယူပေးနိုင်မယ့် အခွင့်အလမ်းဒ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ 

အဖွင့်ဂိုးကို ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီနဲ့ သွင်းယူနိုင်ဖို့နီးစပ်ခဲ့ပေမယ့် ကန်ချက်ကလွဲချော်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပထမပိုင်းမှာ ဂျာဒန်ဆန်ချိုရဲ့ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် မစ်ဒယ်ဘရော့က အငြင်းပွားဖွယ်ရာ အခြေအနေကနေ ဦးဆောင်ဂိုးသွင်းယူသွားခဲ့ပါတယ်။ လူစားဝင်ကစားသမား ဒန်ကန်ဝက်ထ်မိုးရဲ့ လက်ထိဘောအနေအထားကနေ ပေးပို့မှုကို မတ်ခရော့စ်က သွင်းယူသွားခဲ့တာ ဖြစ်လို့ သရေဖြစ်သွားခဲ့ပြီး အချိန်ပိုနဲ့ ပင်နယ်တီတွေ ဆက်ကန်ခဲ့ရပါတယ်။ 

ပင်နယ်တီမှာတော့ ပထမ ၅ လုံးစလုံးကို နှစ်သင်းလုံးဝင်အောင် ကန်နိုင်ခဲ့ပြီး ၈ လုံးမြောက်မှာတော့ ယူနိုက်တက်ရဲ့ ပင်နယ်တီကိုကန်ခဲ့တဲ့ ၁၉ နှစ်သား အန်တိုနီအီလန်ဂါရဲ့ ကန်ချက်က လွဲချော်သွားခဲ့တာကြောင့် ယူနိုက်တက်တို့ ဒီရာသီဆုဖလားတစ်လုံးကို လက်လွှတ်ခဲ့ရပြန်ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #မစ်ဒယ်ဘရော့စ်