ရှေ့သို့
Image

ရွန်းနီခြေရာနောက်လိုက်ဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးကစားသမားဟောင်း ကားလို့စ် တိဗက်ဇ်

8:00 AM, 7 February

မန်စီးတီးတိုက်စစ်မှူးဟောင်း ကားလို့စ်တိဗက်ဇ်ဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် နဲ့ မန်စီးတီးတိုက်စစ်မှူးဟောင်း နွေရာသီတုန်းက ဘိုကာဂျူနီယာအသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ကစားသမားတစ်ဦးအဖြစ် ရှိနေတာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ဒီစီယူနိုက်တက်ဟာ တိဗက်ဇ်ကို ခေါ်ယူနိုင်ဖို့ ဦးဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တိဗက်ဇ်ရဲ့ယူနိုက်တက်အသင်းဖော်ဟောင်း ဝိန်းရွန်းနီကလည်း ဒီစီယူနိုက်တက်မှာ ၂ နှစ်ကြာဖြတ်သန်းခဲ့သေးတာဖြစ်ပါတယ်။

ဆွေးနွေးမှုတွေက အဆင်ပြေနေပြီး တိဗက်ဇ် နဲ့ ဒီစီယူနိုက်တက်တို့ကြား လစာကိစ္စညှိနှိုင်းဖို့သာ ကျန်တော့တာဖြစ်ပါတယ်။



#မန်စီးတီး #ဒီစီယူနိုက်တက်