ရှေ့သို့
Image

ရော်နယ်ဒိုက ဘာလို့ ဘောလုံး ဒီအောဆု ၅ ကြိမ် ရရှိခဲ့လဲဆိုတာကို ကျွန်တော် မသိပါဘူးလို့ သူ့ရဲ့ အသင်းဖော်သစ်ကို ချီးကျူး ပြောဆိုလိုက်တဲ့ မာတူဒီ

9:31 AM, 3 September

ရော်နယ်ဒိုရဲ့ ဘောလုံးသမားဘ၀ တစ်လျှောက်တွင် ဘာကြောင့် ဘောလုံး ဒီအောဆုကို ရရှိခဲ့လဲဆို သူက ကောင်းကောာင်းသိပါတယ်လို့ မာတူဒီက ပြောခဲ့ပြီး သူ့ရဲ့ အသင်းဖော်အသစ်ဟာ ဂြိုလ်သား တစ်ယောက်လို ပါလဲလို့လည်း ပြောခဲ့ပါတယ်။

အီတလီတွင်အောင်မြင်မှုကို ထိန်းသိမ်းဖို့နှင့် ချန်ပီယံလိဂ်တွင် အောင်မြင်ဖို့အတွက် ဂျူဗင်တပ်အသင်းဟာ ဒီနွေရာသီတွင် ရော်နယ်ဒိုအား တူရင်သို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃နှစ်အရွယ် ကစားသမားဟာ ဂျူဗင်အတွက် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးဘဲ ပါးမား၊ လာဇီယိုနှင့် ချီယေဗို တို့ကို အနိုင်ရရှိတဲ့ ပွဲတို့တွင်ပါဝင်ကစားခဲ့ပါတယ်။

မန်ယူနှင့် ရီးရဲလ် ကစားသမားဟောင်း ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ပွဲတော်တော်များများတွင် ၄၄ ဂိုး သွင်းယူထားပြီး နောက်များမကြာမီတွင် ဂိုးတွေ သွင်းယူဖို့မျှော်လင့်ရပါတယ်။

ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ် ရရှိထားတဲ့အတွက် မာတူဒီက အထင်ကြီးနေပြီး အသင်းတစ်သင်းထဲမှာ ကစားနေရတဲ့အတွက် ပျော်ရွင်နေပါတယ်။

''သူကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါ။ သူနှင့်ကစားရတာ ပျော်ဖို့ကောင်းပါတယ် လို့ ပြင်သစ်ကွင်းလယ် ကစားသမားက ပြောပါတယ်။ သူက ဂြိုလ်သားတစ်ယောက်ကဲ့သို့ ကစားပါတယ်။ သူက မြန်မြန်ရောက်ရှိလာပြီး မြန်မြန်ပြန်ထွက်သွားပါတယ်။ သူက အလုပ်ကိုလုပ်ပြီးရင်း လုပ်နေပြီး ဘာကြောင့် ဘောလုံး ဒီအောဆုကို ရရှိခဲ့သလဲဆိုတာကို နားလည်ခဲ့ပါတယ်''

ရော်နယ်ဒိုက ဂိုးသွင်းယူနိုင်ခြင်း မရှိသော်လည်း ဂျူဗင်တပ်ဟာ စီးရီးအေ စကတည်းက ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိထားပြီး နောက်တစ်ပွဲအဖြစ် ဆက်ဆူအိုလိုနှင့် ကစားရမှာဖြစ်ပါတယ်။

အီတလီအသင်းဟာ ချန်ပီယံလိဂ်တွင် ရော်နယ်ဒိုရဲ့ အသင်းဟောင်းဖြစ်တဲ့ မန်ယူနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အဲ့ဒီအုပ်စုတွင် ဗလင်ဆီယာနှင့် ရမ်းဘွိုင်း တို့လည်းပါဝင်နေပါတယ်။

သူတို့ရဲ့ ဥရောပပွဲကတော့ စက်တင်ဘာ ၁၉တွင် စတင်ပြီး ဗလင်ဆီယာရဲ့ အိမ်ကွင်းသို့ သွားရောက် ကစားရမှာလည်း ဖြစ်ပါတယ်။

#အီတလီ #စီးရီးအေ #မာတူဒီ #လာဇီယို