ရှေ့သို့
Image

အိုဆာဆူနာနဲ့ ပွဲမှာ မာရှယ်ကို ပွဲဦးထွက် ပါဝင်ကစားခွင့်ပေးခဲ့တဲ့ လိုပက်တီဂူ

4:01 PM, 6 February

ဆီဗီလာအသင်းနည်းပြ လိုပက်တီဂူက စနေနေ့ အိုဆာဆူနာနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ မာရှယ်ကို ပွဲဦးထွက်ပါဝင်ကစားစေခဲ့ပေမယ့် ကြိုးစားမှုတွေ လိုသေးတယ်လို့ ပြောကြားလိုက်ပါတယ်။

ခရိုအေးရှားသား ရာကီတစ် အခွင့်အရေးကောင်းရခဲ့ပေမယ့် ပင်နယ်တီ မဝင်ခဲ့တာကြောင့် အနိုင် ၃ မှတ် နဲ့ လွဲချော်ခဲ့ရပါတယ်။

ယူနိုက်တက်စတားဟာ ဒီရာသီအစောပိုင်းတုန်းက အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားကာ ပုံမှန်ပွဲထွက်ခွင့်ရလိုတာကြောင့် ဆီဗီလာကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာနည်းပြ လိုပက်တီဂူက ယခင်လတွေကတည်းက ချိတ်ဆက်ခဲ့ပေမယ့် အခုချိန်မှာမှ ခေါ်ယူနိုင်ခဲ့ကာ ပတ်ဝန်းကျင်အသစ်နဲ့ အသားကျဖို့ မာရှယ် ရုန်းကန်နေရတာ ဖြစ်ပါတယ်။

“အန်တိုနီယိုက အများကြီးပေးဆပ်ခဲ့ပါတယ်။ ပထမဆုံးပွဲမှာ အထိုင်ကျဖို့တော့ မလွယ်ပါဘူး။ သူ့အနေနဲ့ အချိန်လိုဦးမှာပါ”လို့ လိုပက်တီဂူက ပြောကြားခဲ့ပါတယ်။

မာရှယ်ဟာ ပေးပို့မှု ၃၆ ကြိမ်မှာ ၃၃ ကြိမ် အောင်မြင်ခဲ့ပေမယ့် ဂိုးပေါက်တည့်မတ်မှု  ၁ ကြိမ်မှ မရှိခဲ့တာ ဖြစ်ပါတယ်။

ရာကီတစ်ရဲ့ ၁၂ ကိုက်အကွာကန်ချက်ကလည်း ဂိုးပေါက်မတည့်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မာရှယ်ဟာ လာမယ့် အယ်လ်ချီအသင်းနဲ့ပွဲမှာ ပထမဆုံး အိမ်ကွင်း ပွဲဦးထွက် ပါဝင်ကစားခွင့်ရဖွယ် ရှိနေပါတယ်။ 


#မန်ချက်စတာယူနိုက်တက် #လိုပီတီဂူ #ဆီဗီလာ #အိုဆာဆူနာ #မာရှယ်