ရှေ့သို့
Image

ရော်နယ်ဒိုဟာ ယူနိုက်တက် ပြဿနာတွေထဲက တစ်စိတ်တစ်ပိုင်းပါပဲလို့ ပြောလိုက်တဲ့ ကာလ်တန်ကိုးလ်

12:23 PM, 6 February

ပေါ်တူဂီနိုင်ငံသားဟာ ပထမပိုင်းမှာရရှိခဲ့တဲ့ ပင်နယ်တီကိုလွဲချော်ခဲ့သလို ယူနိုက်တက်ဟာလည်း မစ်ဒယ်ဘရော့ ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲကနေထွက်လိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဝါရင့်ကစားသမားမှာ ဦးဆောင်မှုကင်းမဲ့နေပြီး သူ့ကိုခေါ်ယူလိုက်ကတည်းက ကလပ်ဟာ ရှေ့ဆက်မှုမရှိတော့ပါဘူးလို့ ကိုးလ်က Talksport သို့ ပြောဆိုလိုက်ပါတယ်။

“ သူက ဂိုးတွေသွင်းယူနေသော်လည်း သူဟာ ယူနိုက်တက်အတွက် သင့်လျော်တဲ့ ကစားသမားတစ်ဦးဖြစ်ပါသ လား ? အသင်းအတွက်ရော သင့်လျော်တဲ့ ကစားသမားဖြစ်ပါသလား ? သက်သေပြနေတာကတော့ ဒီညပွဲမှာတင် မဟုတ်ပါဘူး။ အသင်းသို့ သူရောက်လာကတည်းက အားလုံးက ဖြစ်နေတာပါ။ ယူနိုက်တက်ဟာ နောက်ထပ် အဆင့်သို့ မရောက်နိုင်သေးပါဘူး ”

“ ဒါတွေဟာ ရော်နယ်ဒိုရဲ့ အမှားတွေပါလို့ ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ သူဟာ အဆိုပါပြဿနာရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပါတယ်။ သူဟာ အသင်းကို စံပြအနေနဲ့ ဦးဆောင်နိုင်မလား ကျွန်တော်မသိပါဘူး။ သူဟာ ဂိုးတွေ သွင်းယူဖို့သာ ကြိုးစားနေပြီး သူ့ရဲ့အားအင်တွေကို ချွေတာနေတာပါ ”

“ ရော်နယ်ဒို ငယ်ငယ်တုန်းက ကွင်းအတွင်းမှာ ပွင့်ထွက်နေအောင် ကစားခဲ့သော်လည်း အခုတော့ သူဟာ သူ့ရဲ့ အသင်းဖော်တွေကိုပဲ မှီခိုနေပါတယ် ”

“ သူ့ရဲ့လမ်းမှာတော့ သူဟာဦးဆောင်သူဖြစ်သော်လည်း ကစားသမားတွေကို အဲ့ဒီအရာတွေကိုပဲ ပြောပြနိုင်မှာပါ။ သူတို့တွေက လုပ်ဆောင်မှုတွေကို လုပ်ပြမယ့် သူကိုလိုအပ်နေတာပါ။ ကွင်းအတွင်းမှာ ဦးဆောင်မယ့်သူ့အတွက် ကြည့်လိုက်မယ်ဆိုရင် တစ်ဦးတစ်ယောက်ကိုမှ မတွေ့မိပါဘူး ” လို့ ကိုးလ်က ပြောပါတယ်။

ဂိုးဧရိယာအတွင်း ပေါ့ဂ်ဘာ လဲကျသွားတဲ့အချိန်မှာ ပင်နယ်တီရရှိခဲ့ပြီး ရော်နယ်ဒိုဟာ ဂိုးသွင်းဖို့ ကြီးမားတဲ့ အခွင့်အရေးရရှိခဲ့သော်လည်း မသွင်းယူနိုင်ခဲ့ပါဘူး။

ပင်နယ်တီ ၁၅ လုံးကန်သွင်းပြီးနောက် ၁၆ လုံးမြောက်ကိုကန်သွင်းတဲ့ အီလန်ဂါက လွဲချော်ခဲ့တာကြောင့် ယူနိုက် တက်နှင့် ရော်နယ်ဒိုတိုဟာ ချန်ပီယံရှစ်ကလပ်ကို အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရော်နယ်ဒို #မစ်ဒယ်ဘရော့စ်