ရှေ့သို့
Image

ဆန်းဒါးလန်းမှာ အင်တာဗျူးဖြေခဲ့ပြီးနောက် နည်းပြရာထူး လိုချင်ကြောင်း ရွိုင်ကိန်းအတည်ပြု

2:37 PM, 5 February

ရွိုင်ကိန်းဟာ ယမန်နေ့က ဆန်းဒါးလန်းမှာ အင်တာဗျူးဖြေခဲ့ပြီးနောက် နည်းပြရာထူးလိုချင်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ Daily Mailရဲ့ ဖော်ပြချက်အရ ကိန်းဟာ လီဂျွန်ဆင် ထွက်ခွာသွားတဲ့ ဆန်းဒါးလန်း နည်းပြသစ်ရာထူးအတွက် နံပါတ်၁ပစ်မှတ် ဖြစ်ပြီး အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးသွားပြီးလို ဆိုပါတယ်။

ယမန်နေ့ည ယူနိုက်တက်-မစ်ဒယ်ဘရော့ပွဲစဉ်မှာ ITV Studioကို ရောက်လာခဲ့တဲ့ ရွိုင်ကိန်းက “ကျွန်တော် နည်းပြ၁ယောက်အနေနဲ့ ပြန်လာချင်ပါတယ်။ ဒါပေမဲ့ အသင်းက အလိုရှိပြီး ကိုယ်ကလည်း သွားချင်ရင် စာချုပ်က မှန်ကန်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လာမယ့်ရက်အနည်းငယ်အတွှင်း ဘာတွေဖြစ်လာမလဲ ကြည့်တာပေါ့”လို့ ပြောခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ သတင်းထွက်နေမှုကို မေးမြန်းရာမှာ တစ်ဖက်က တွဲဖက်တင်ဆက်သူ အီယန်ရိုက်ကို ရွိုင်းကိန်းက “မင်း ငါမရှိပဲ ရှင်သန်နိုင်မှာလား”လို့ မေးမြန်းခဲ့ပါတယ်။ အီယန်ရိုက်သာ မရှင်သန်နိုင်ဘူးဆိုရင် သုံးသပ်သူအဖြစ် ဆက်နေမယ်လို့ ကိန်းက နောက်ပြောင်ခဲ့ပြီး ဆန်းဒါးလန်းကို မကြာခင် ကိုင်တွယ်နိုင်ကြောင်း အရိပ်အမြွက်ဆိုခဲ့ပါတယ်။

ဆန်းဒါးလန်း အားကစားဒါရိုက်တာ စပိခ်မန်းနဲ့ ပိုင်ရှင် လူးဝစ်-ဒရိုင်ဖက်စ်တို့ဟာ နည်းပြသစ် ရှာဖွေနေကြပြီ သောကြာနေ့မှာ အင်တာဗျူးအစီအစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ ဟူးလ်နည်းပြဟောင်း မက်ကန်း၊ ပရက်စတန် ဥက္ကဌဟောင်း အဲလက်စ် နေးလ်၊ နော်တင်ဟမ် ဖောရက်စ်နည်းဟောင်း လာမူချီတို့ကိုလည်း နည်းပြသစ် ရာထူးအတွက် စိတ်ဝင်စားနေပါတယ်။

ဒါပေမဲ့ ကိန်းကတော့ နည်းပြသစ်နေရာအတွက် ထိပ်ဆုံးက ရေပန်းစားနေသလို မကြာခင်မှာ တိုးတက်မှုတွေ ရှိလာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

#ရွိုင်ကိန်း #ဆန်းဒါးလန်း #အက်ဖ်အေဖလား