ရှေ့သို့
Image

နွေရာသီ အပြောင်းအရွှေ့မှာ မန်စီးတီးကို ခပ်သွက်သွက် လှုပ်ရှားချင်နေတဲ့ ဂွါဒီယိုလာ

1:35 PM, 5 February

ယခုနှစ်အတွင်း အသင်းရှိ ကြယ်ပွင့်ကစားသမားတစ်ချို့ကို နှစ်ရှည်ကာလစာချုပ်များ ချုပ်ခဲ့သော်လည်း မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကတော့ နွေရာသီအပြောင်းအရွှေ့တွင် လှုပ်ရှားမှု ဆက်ရှိနေလိုနေပါတယ်။

မကြာသေးခင်က ကန်ဆယ်လိုကို ကာလရှည်စာချုပ် ချုပ်ခဲ့ပြီး အသင်းရှိ ကစားသမား ၁၂ယောက်ဟာ ၂၀၂၅အထိ အနည်းဆုံး စာချုပ် ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းဟာ နွေရာသီမှာ ရင်းနှီးမှု ထပ်လုပ်သွားမှာ ဖြစ်ပြီး ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းနှင့် အလားအလာရှိ ဘယ်နောက်ခံလူတစ်ဦး ထပ်ခေါ်ဖွယ် ရှိပါတယ်။

“ဘာတွေ ဖြစ်လာမလဲတော့ ကျွန်တော်မသိဘူးပေါ့ ဒါပေမဲ့ အသင်းရဲ့ နှလုံးသားနှင့် ဝိဉာဉ်ကတော့ ငယ်ရွယ်နေဆဲပါပဲ။ လာမယ့်နှစ်တွေအတွင်း ဒါတွေကို ဆက်ထိန်းထားဖို့က အရေးကြီးပါတယ်။ အသင်းမှာ ဆာလောင်မှုနဲ့အတူ အင်အားတောင့်တင်းမှု ရှိရန် လိုအပ်တယ် အသင်းရဲ့ အခြေခိုင်မှုက တတ်နိုင်သမျှ ဆက်ရှိနေရပါမယ်။ တချိန်တည်းမှာဘဲ ကစားသမားတွေက မကစားရဘူး မပျော်ဘူးဆိုရင် သူတို့လည်း မိနစ်တွေ လိုချင်ကြပါတယ် ကွှန်တော်တို့လည်း ရွှေ့လျားရပါမယ် ဒါက သာမန်ပါပဲ အကြောင်းအရာများစွာက ရာသီအကုန်အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်”ဟု ဆိုသည်။

စီးတီးဟာ ဘာနာဒိုဆေးလ်ဗားကို ကာလရှည်စာချုပ် ချုပ်နိုင်မယ်လို့မျှော်လင့်နေပြီး ဂမ်ဒိုဂန်၊ ဂါဘရီရယ်၊ မာရက်ဇ်တို့နဲ့အတူ စတာလင်တို့ဟာလည်း ၁၈လအတွင်း စာချုပ်ကုန်တော့မှာ ဖြစ်ပါတယ်။ ပေါင်၁၄သန်းဖြင့် ခေါ်ယူထားတဲ့ အာဂျင်တီးနားသား ဂျူလီယန် အယ်ဗာရက်ဇ်ကိုလည်း ၂၀၂၃ခုနှစ် ရာသီကြိုမှာ အသင်းထံ လာရောက်ပူးပေါင်းဖို့မျှော်လင့်ထားပါတယ်။

“ကလပ်က ရေးဗားပလိဂ်နမန်နေဂျာ ဂေါ်လာဒိုလက်အောက်မှာဘဲ အယ်ဗာရက်ဇ်ကို ထားရှိဖို့ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဂေါ်လာဒိုက ကမ္ဘာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးပါ သူလည်း ခြေစွမ်း၂ဆ တက်လာနိုင်ပါတယ် ရာသီကြိုမှာ အယ်ဗာရက်ဇ် အသင်းထံ လာရောက်ပူးပေါင်းမှာပါ ဘာတွေဖြစ်မလဲ စောင့်ကြည့်ရပါမယ်”ဟု ဂွါဒီယိုလာက  ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဂွါဒီယိုလာ #ဟာလန်း