ရှေ့သို့
Image

မစ်ဒယ်ဘရော့ရဲ့ ချေပဂိုးအပေါ် ပေါက်ကွဲပေမဲ့ ရှုံးပွဲအတွက် ယူနိုက်တက်မှာသာ အပြစ်ရှိတယ်လို့ ရန်နစ် ဝန်ခံ

12:51 PM, 5 February

ရက်ဖ် ရန်နစ်က မစ်ဒယ်ဘရော့ရဲ့ ချေပဂိုးအပေါ် ပေါက်ကွဲနေပေမဲ့ အက်ဖ်အေဖလားက ထွက်ခဲ့ရခြင်းအတွက် ယူနိုက်တက်မှာသာ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒုတိယပိုင်းအတွင်း ဝက်မိုးရဲ့ သိသာတဲ့ လက်ထိဘောကနေ မတ် ခရွတ်စ်က မစ်ဒယ်ဘရော့အတွက် ချေပဂိုး သွင်းသွားခဲ့ပြီး VARက မတော်တဆ လက်ထိခဲ့တာလို့ ဆုံးဖြတ်ကာ ဂိုးကို ခွင့်ပြုပေးခဲ့ပါတယ်။

ရန်းနစ်က “ဒီလိုဂိုးမျိုးကို ဘာကြောင့်ပေးလိုက်လဲ နားမလည်ပါဘူး။ သူ ဘောလုံးကို လက်နဲ့ထိန်းသွားတာပါ။ သူတို့ ဂိုးသင်းတဲ့အချိန် VARက ဒီလိုဂိုးမျိုးကို လုံး၀ခွင့်မပြုသင့်ပါဘူး”လို့ ပြောခဲ့ပါတယ်။

မစ်ဒယ်ဘရော့နည်းပြ ခရစ္စ ဝိုက်ဒါကလည်း အဆိုပါ ဂိုးကို တာဝန်ရှိသူတွေအနေနဲ့ မပေးသင့်ကြောင်း ဝန်ခံခဲ့ပါတယ်။ “အဲ့ဒါကလက်ထိဘောလို့ ထင်ပြီး ကနဦးမှာ မပေးတော့ဘူးလို့ ထင်ခဲ့ပေမဲ့ ပေးလိုက်လို့ ဝမ်းသာရပါတယ်”လို့ ဆိုပါတယ်။

အလားတူ ဝတ်မိုးကလည်း အဆိုပါ လက်ထိခြင်းဟာ မတော်တဆ ထိခဲ့တာသာဖြစ်တယ်လို့ ဆိုခဲ့သလို ယူနိုက်တက် ကစားသမားဟောင်း မက်နဲလ်ကလည်း လက်ထိဘော ပေးတယ်ဆိုလည်း ယူလိုက်မယ်လို့ ပြောခဲ့ပါတယ်။ ရန်နစ်ကတော့ အဆိုပါပွဲစဉ်မှာ အခွင့်အရေးများစွာ ရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့် ယခုလို ထွက်ခဲ့ရတာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်လို့ ဆိုပါတယ်။

“ပထမပိုင်းကတည်းက ကျွန်တော်တို့ ပွဲကို အဆုံးသတ်နိုင်ခဲ့သင့်ပါတယ်။ တိုင်ထိ၊ ဘားထိ၊ ပင်နယ်တီလွဲတာနဲ့အတူ အခွင့်အရေးပေါင်းများစွာကို လွဲချော်ခဲ့ပါတယ်။ ပထမပိုင်းအတွင်း စွမ်းဆောင်ရည်က ကျွန်တော် ကျေနပ်တာထက် ပိုပေမဲ့ ဖလားပွဲမှာကျတော့ နိုင်ပွဲရမှ နောက်တစ်ဆင့် တက်မှာ ဖြစ်တာကြောင့် ပွဲကို အဆုံးမသတ်နိုင်လို့ ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်ရပါတယ်”လို့ ပြောပါတယ်။

အလားတူ ရန်းနစ်က အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့တဲ့ လူငယ်လေး အီလန်ဂါအပေါ်မှာလည်း စာနာစကား ဆိုခဲ့ပါတယ်။ တစ်ဖက်မှာတော့ ရှက်ဖီးလ်ယူနိုက်တက် နည်းပြဟောင်း ဝိုက်ဒါက အိုးထရက်ဖို့ဒ် အိမ်ကွင်းပရိသတ်တွေရှေ့ ဂုဏ်ယူစွာနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ် #အက်ဖ်အေဖလား #မစ်ဒယ်ဘရော့စ်