ရှေ့သို့
Image

ပင်နယ်တီလွဲလို့ ဆိုရှယ်မီဒီယာမှာ ပရိသတ်များရဲ့ လှောင်ပြောင်မှုခံရတဲ့ ရော်နယ်ဒို

12:39 PM, 5 February

ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ မစ်ဒယ်ဘရော့နဲ့ ကစားတဲ့ အက်ဖ်အေဖလားပွဲတွင် ပင်နယ်တီ လွဲချော်ခဲ့လို့ဆိုရှယ်မီဒီယာတွင် ပြိုင်ဘက်ပရိသတ်များရဲ့ လှောင်ပြောင်မှုတွေ ခံနေရပါတယ်။ အသက်၃၆နှစ်အရွယ် ရော်နယ်ဒိုဟာ သောကြာညမှာ ကစားခဲ့တဲ့ ပွဲတွင် ပေါ့ဂ်ဘာကြောင့် ရတဲ့ ပင်နယ်တီကို ၁၂ကိုက်အကွာကနေ ကန်ရာမှာ ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

“ပင်နယ်ဒိုကတော့ အမှန်တကယ်ကို ပြီးဆုံးသွားပါပြီ သူအကြိုက်ဆုံး ဟင်းပွဲကို လွဲချော်တာပါပဲ”“ဘယ်သူမှ ၁၂ကိုက်အကွာကနေ ကန်တာ မလွဲလောက်ပါဘူး ပရော်ဖက်ရှင်နယ်တစ်ယောက်က ဒါကို လွဲတယ်ဆိုရင် လစာလျော့သင့်ပါတယ်”ဟု အသီးသီး ပရိသတ်တွေက မှတ်ချက်ပြုကြပါတယ်။

သူနဲ့သက်ဆိုင်တဲ့ ပင်နယ်တီကိုတောင် မကန်နိုင်တော့ပါဘူး ရီမောနေတဲ့ အိုမီဂျီဖြင့် တစ်ယောက်က ရေးသားခဲ့သည်။

ယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းကလည်း“ထင်ရှားစွာဘဲ အကြီးမားဆုံး အံ့သြမှုက ရော်နယ်ဒို ဖြစ်နေတယ် သူကို ဝေဖန်သင့်သလား?? သေချာတာပေါ့ ဝေဖန်သင့်ပါတယ် သူမှာ ပစ်မှတ်ထိအောင် ကန်နိုင်ပါတယ် ပိုပြီး အဆုံးသတ်သေချာခဲ့ရမှာပါ အရိုးသားဆုံးပြောရရင် သူ ဂိုးပေါက်တစ်ခုလုံးကို လွဲချော်အောင် ကန်မယ်ဆိုတာကို မမျှော်လင့်ထားပါဘူး။ သူလည်း အသေအချာကန်ဖို့ပြင်ဆင်ထားခဲ့တယ်လို့ ထင်ပါတယ် အထူးသဖြင့် ဂိုးသမားက စတင်တုန်လှုပ်လာတဲ့အချိန့်ပစ်မှတ်ကိုရအောင် ကန်ချင်ပါလိမ့်မယ် ဒါပေမဲ့ ထိတ်လန့်ဖွယ် တုန်လှုပ်စရာပါပဲ”ဟု ပြောကြားခဲ့သည်။

ရော်နယ်ဒို ပင်နယ်တီလွဲခဲ့သော်လည်း တောင်ပံကစားသမား ဆန်ချိုက ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ဒုတိယပိုင်းတွင် မစ်ဒယ်ဘရော့ဖက်က အငြင်းပွားဖွယ် ချေပဂိုး ပြန်သွင်းခဲ့သည်။ အဲဒီနောက် ၁-၁ သရေကျနေတဲ့အတွက် ပင်နယ်တီကန်ရာမှာ လူငယ်နောက်ခံလူ အီလန်ဂါ ပင်နယ်တီ လွဲချော်မှုဖြင့် ယူနိုက်တက်တို့ ရှုံးနိမ့်ကာ အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #အက်ဖ်အေဖလား #မစ်ဒယ်ဘရော့စ်