ရှေ့သို့
Image

ယူနိုက်တက်ကို အံ့အားသင့်ဖွယ် ပင်နယ်တီမှာ အနိုင်ယူလိုက်တဲ့ မစ်ဒယ်ဘရော့

12:26 PM, 5 February

ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဟာ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ အံ့အားသင့်ဖွယ်ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ပွဲကိုသေချာလေးပြင်ဆင်လာခဲ့ပြီး ဆန်ချိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

အိမ်ကွင်းမှာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ အသုံးမချနိုင်ခဲ့သလို  ရော်နယ်ဒိုကလည်း ပင်နယ်တီမဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖာနန်ဒက်စ်တစ်ယောက် မစ်ဒယ်ဘရော့ နောက်တန်းအမှားကနေ အခွင့်အရေးရခဲ့ပေမယ့် ကန်ချက်တိုင်ထိထွက်ခဲ့တာကလည်း ယူနိုက်တက်အတွက် နစ်နာစရာဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမိနစ်တွေမှာ ယူနိုက်တက်အသင်းအခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်မှာ အီလန်ဂါရဲ့ကန်ချက် များလွန်းခဲ့တာကြောင့် ဂိုးမဝင်ခဲ့ပဲ မစ်ဒယ်ဘရော့က ၈-၇ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်ဖ်အေဖလား #မစ်ဒယ်ဘရော့စ်