ရှေ့သို့
Image

မစ်ဒယ်ဘရော့ရဲ့ ချေပဂိုးတွင် လက်ထိသွားသော်လည်း ချေပဂိုးပေးခဲ့တဲ့ VARကို ဝေဖန်လိုက်တဲ့ ဖာဒီနန်

10:01 AM, 5 February

မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ ချေပဂိုးသွင်းယူသွားတဲ့ မစ်ဒယ်ဘရော့ဂိုးတွင် လက်ထိဘောဖြစ်သွားသော်လည်း VAR က တစ်စုံတရာ ပြစ်ဒဏ်ဘောမပေးခြင်းအပေါ် ဖာဒီနန်က ပေါက်ကွဲနေပါတယ်။

အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲတွင် အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်အသင်း ကစားပုံ လွှမ်းမိုးမှု ရှိခဲ့သော်လည်း ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့က အဆုံးသတ်မှာ ပင်နယ်တီဖြင့် အနိုင်ယူကာ နောက်တဆင့် တက်ခဲ့ပါတယ်။ ဂိုးဖြစ်လာရာတွင် လက်ထိဘော ဖြစ်သွားတယ်ဟု ယူနိုက်တက်ကြယ်ပွင့် မက်ဂွါယီနှင့် လုရှော်ခ်တို့က ချက်ချင်းပင် ဒိုင်အား ငြင်းချက်ထုတ်ခဲ့သော်လည်း ဂိုးသာ ပေးခဲ့ရပါတယ်။

တီဗွီအနှေးပြကွက်တွင် ဘောလုံးကို ဖြတ်တင်ပေးခဲ့တဲ့ မစ်ဒယ်ဘရော့ကြယ်ပွင့် ဝက်မိုးဟာ ဘောလုံးထိန်းရာတွင် မတော်တဆ လက်ထိခဲ့ပါတယ်။ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ခရူစ်က ပိတ်သွင်းကာ ချေပဂိုး ရယူခဲ့တာ ဖြစ်ပါတယ်။ VAR က ဂိုးဖြစ်လာရာတွင် လက်ထိဘော ဖြစ်သွားတယ်ဟု မြင်သော်လည်း လက်ထိဘောတွင် ကစားသမားက တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘဲ မတော်တဆ ထိပြီး ဘောလုံးကို ဆက်ကစားခဲ့တာကြောင့် ဂိုးပေးသင့်တယ်ဟု ဒိုင်လူကြီး အန်တိုနီ တေလာကို အကြံပေးခဲ့ပါတယ်။

အဆိုပါ လက်ထိဘောဖြစ်ရပ်တွင် လူမူကွန်ယက်မှာ ပရိသတ်များအကြား အငြင်းပွားလျက်ရှိပြီး ဖာဒီနန်ကလည်း ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။“VAR ရဲ့ ရည်ရွယ်ချက်က ဘာလဲဟု မေးခွန်းထုတ်ခဲ့သည်။ ပီယာစ်မော်ဂန်ကလည်း လက်ထိဘောက ထင်ရှားစွာ ထိတာကို ကျွန်တော်တို့မြင်ခဲ့တာပါ VAR က တကယ့်ကို ဟာသပါပဲ”ဟု ဆိုခဲ့သည်။

ပရိသတ်တစ်ဦးကမှု မြင်ဖူးသမျှ အဆိုးရွားဆုံး VAR ဆုံးဖြတ်ချက်ပါပဲ။ ဟု ရေးသားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဒီနန် #အက်ဖ်အေဖလား #မစ်ဒယ်ဘရော့စ်