ရှေ့သို့
Image

ဗန်ဒီဘိခ် ဘာကြောင့် ပွဲကစားခွင့်မိနစ်တွေ လျော့နည်းခဲ့သလဲဆိုတာ ရှင်းလင်းခဲ့တဲ့ ရန်နစ်

1:46 PM, 4 February

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကွင်းလယ်တွင် ပြိုင်ဆိုင်မှု များနေတဲ့အတွက် ဗန်ဒီဘိခ်တစ်ယောက် ပွဲကစားချိန်တွေ လျော့နည်းခဲ့တာ ဖြစ်တယ်လို့ နည်းပြ ရတ်ဖ် ရန်နစ်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဗန်ဒီဘိခ်ဟာ အဲဗာတန်သို့ အငှားပြောင်းခဲ့ပြီး ယခုနှစ်အတွင်း အိုးထရက်ဖို့ဒ်မှာ့ပရီးမီးယားလိဂ်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်သားဟာ နည်းပြရန်းနစ် ကိုင်တွယ်တဲ့ ၁၀ပွဲတွင် ၅ပွဲ ပွဲထွက်ခွင့်ရခဲ့ပြီး အများစုကတော့ အရန်ခုံကနေ ဝင်လာခဲ့ရတာ ဖြစ်ပါတယ်။

ရန်နစ်က ကွင်းလယ်တွင် ဖရတ်ဒ်၊ မက်တိုမီနေး၊ ဖာနန်ဒက်စ်တို့ကို ပိုသဘောကျပြီး ဗန်ဒီဘိခ်ဟာလည်း အံ့ဝင်တယ်လို့ ပြောပါတယ်။“အဆုံးသတ်ကတော့ ယှဉ်ပြိုင်ရတဲ့ မေးခွန်းတွေပါပဲ” ဟု ရန်နစ်က ရှင်းပြသည်။

“ပေါ့ဂ်ဘာကဲ့သို့ သူကို ကွင်းလယ်ဗဟိုမှာ နံပါတ် ၆ ၊ နံပါတ်၈ နေရာတွေမှာ ထားကစားရမယ်လို့မြင်ပါတယ်။ အဲဒီနေရာတွေမှာ ကောင်းတဲ့ ကစားသမားတစ်ချို့ ရှိနေပါတယ် ဒါကြောင့် သူ ပွဲအများကြီး ကစားခွင့် မရခဲ့တာပါ။ ပွဲမကစားရတာက ပရီးမီးယားလိဂ်နှင့် မန်ချက်စတာယူနိုက်တက်အတွက် လုံလောက်မှု မရှိဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ သူအနေနဲ့ အဲဗာတန်မှာ ပွဲကစားခွင့်ရမယ်ဆိုတာ သေချာသလို သူ ဘာလုပ်နိုင်လဲဆိုတဲ့ အရည်အသွေးကို ပြသနိုင်မှာပါ။ သူက အံံဖွယ်ကစားသမာဖြစ်သလို နောက်ဆုံး ၉ပတ် ၁၀ပတ်အတွင်းမှာဘဲ ကျွန်တော်သတိထားမိတာက သူဟာ အသင်းလိုက်ကောင်းတဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ အကောင်းဆုံးဖြစ်ပါစေလို့သူအတွက် ဆုတောင်းပါတယ်။ သူနဲ့ကျွန်တော် ဆက်သွယ်မှု ရှိခဲ့ပါတယ် အဲဗာတန်မှာ လာမယ့်လတွေအတွင်း အကောင်းဆုံး ဖြစ်ပါစေလို့ဆုတောင်းပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

ရန်နစ်အတွက် သတင်းကောင်းကတော့ သူ ရောက်ရှိလာပြီးနောက်ပိုင်း အသုံးမချရသေးတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ဒဏ်ရာပြန်သက်သာလာတာ ဖြစ်ပါတယ်။ နိုဝင်ဘာလက ပြင်သစ်နဲ့ နိုင်ငံတကာပွဲကစားနေရင်း ခြေသလုံးကြွက်သားဒဏ်ရာ ရခဲ့တဲ့ ပေါ့ဂ်ဘာဟာ ယနေ့ည မစ်ဒယ်ဘရော့နဲ့ကစားမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်တွင် ပါဝင်လာဖွယ် ရှိပါတယ်။

“ပေါ့ဂ်ဘာ အသင်းမှာ ပြန်လာနိုင်တဲ့အတွက် ပျော်ပါတယ်။ သူ့အနေနဲ့ မစ်ဒယ်ဘရော့ပွဲမှာ ဝင်ကစားကောင်း ကစားနိုင်ပါတယ် သူရဲ့ အကောင်းဆုံးနေရာက ကျွန်တော့်အတွက်တော့ နံပါတ်၈ ၊ နံပါတ်၁၀ နေရာပါ ဒါပေမဲ့ ကျွန်တော်တို့ကစားနေတဲ့ ပုံစံအရ သူကို နံပါတ်၈နေရာမှာ မြင်ရပါတယ် ဒါပေမဲ့ ကွှန်တော်တို့စောင့်ကြည့်ရပါမယ်။ နွေရာသီမှာ စာချုပ်ကုန်ဆုံးတာကတော့ သူ့အပေါ်ဘဲ မူတည်ပါတယ် အဆုံးမှာ သူဆက်နေသွားချင်သလား ဒါမှမဟုတ် တစ်နေရာကို သွားချင်တယ်ဆိုရင် သူရဲ့ ဆန္ဒကို ပြသရပါမယ်။ ဒါဟာ ကလပ်အသင်းအနေနဲ့ ကျွန်တော်တို့အပေါ် စိတ်ဝင်စားကြည့်နေသလို  သူရဲ့ လာမယ့်အပတ်တွေအတွင်း အမြင့်ဆုံး စွမ်းဆောင်ရည်နှင့် ကစားပုံအပေါ်မှာ စိတ်ဝင်စားမှုကလည်း ရှိနေပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ် #ရန်နစ်