ရှေ့သို့
Image

ရေတိုအတွင်း ရလဒ်ကောင်းဖို့သာ ကြိုးစားသွားမည်ဟု ပြောဆိုလိုက်တဲ့ အဲဗာတန်နည်းပြသစ် ဖရန့်လမ်းပတ်

12:43 PM, 4 February

အဲဗာတန်နည်းပြသစ် ဖရန့်လမ်းပတ်က ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် အသင်းရဲ့ စီမံကိန်းတွေကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီအးသင်းမှာ ထိပ်ဆုံးလေးသင်းဝင်နိုင်အောင် အကောင်းဆုံး ကိုင်တွယ်ခဲ့ပေမယ့် လမ်းပတ်ကို အသင်းပိုင်ရှင် အီဘရာဟီမိုဗစ်က နောက်ဆုံးမှာ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အဲဗာတန်တွင်လည်း အသင်းပိုင်ရှင် မိုရှီရီက အသင်းကို အောင်မြင်မှု လမ်းကြောင်းပေါ်ရောက်အောင် တွန်းတင်ပေးနိုင်မည်ဟု ယုံကြည်နေပြီး လမ်းပတ်ကတော့ ရေရှည်တွင်သာမက ရေတိုအတွင်း ရလဒ်ကောင်းအောင် ကြိုးစားသွားဖို့ရည်မှန်းထားကြောင်း ပြောပါတယ်။

“၂နှစ် ၃နှစ်အတွင်းမှာ အချိန်ရဖို့ကျွန်တော် တောင်းဆိုမှာမဟုတ်ပါဘူး။ လာမယ့်နှစ်တွေအတွင်း ဘာတွေဖြစ်ချင်သလဲဆိုတာ ပြောပြဖို့ အချိန်ကောင်းဆိုတာ သိပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးမှာ ရှိခဲ့ဖူးတဲ့ အတွေ အ့ကြုံအရ သင်အနေနဲ့ အပြင်းအထန် အလုပ်ကြိုးစားဖို့ဘဲ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့အရာတွေကို လုပ်နိုင်မယ်ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို သွားနိုင်သလို ဆက်လက် အလုပ်လုပ်နိုင်ပါတယ်။ ဘာအာမခံချက်မှ ကျွန်တော် မတောင်းဆိုပါဘူး။ ပရိသတ်တွေက အသင်းရဲ့ ကစားဟန်နှင့် စတိုင်ကို သဘောကျနှစ်သက်တယ်ဆိုရင် အဆင်ပြေမှာပါ အထူးသဖြင့် ကာလတိုအတွင်းမှာ ရလဒ်ကောင်းတွေ  ရနိုင်သလောက် ရအောင် လုပ်ဆောင်မှာပါ ရေရှည်မှာလည်း အဲဒီလို ဖြစ်ဖို့ မျှော်လင့်ပါတယ်”

“ကျွန်တော်မှာ အလုပ်ကောင်းတစ်ခု ရှိနေတယ် ဒီမှာရှိနေတဲ့အတွက်လည်း ဂုဏ်ယူပါတယ် အခုဆိုရင် ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ရမယ့် အချိန်ပါပဲ။ ဒါက ကျွန်တော်တို့နေထိုင်ရမယ့် ကမ္ဘာပါပဲ။ ဘောလုံးကလပ်ရဲ့ မန်နေဂျာတစ်ယောက် ဖြစ်ဖို့ဆုံးဖြတ်မယ်ဆိုရင် သင်အနေနဲ့ အမှတ်တွေ မရရှိဘဲနဲ့ မတူညီတဲ့ အချိန်တွေကို မဖြတ်သန်းနိုင်ပါဘူး။ အအောင်မြင်ဆုံး မန်နေဂျာတွေတောင်မှ ဒီလို ဖြစ်တတ်တယ်ဆိုတော့ ကျွန်တော့်အတွက်က ကိစ္စမရှိပါဘူး ကစားသမားတစ်ယောက်အနေနဲ့ အချိန်တိုင်မှာ သက်သေပြနိုင်မှုတွေ ရှိခဲ့တယ်။တစ်ခါတစ်ရံ ဒါက သင်ရဲ့ အကောင်းဆုံးတွေ ယူဆောင်လာပါတယ်။ နည်းပြအဖြစ်နဲ့ ပြန်အောင်မြင်နိုင်မယ်”လို့ မျှော်လင့်ပါတယ်။

“အခြေအနေတွေ ယခုနှစ်မှာ သိပ်မကောင်းတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဒါတွေက ဖြစ်နိုင်ပါတယ်။  ဒါပေမဲ့ ကျွန်တော်အလုပ်က ဘာကြောင့်လဲဆိုတာ သိပ်ပြီး တွေးတောနေဖို့ မဟုတ်ပါဘူး။ ကစားသမားတွေထဲက ဘာတွေရအောင် လုပ်ပေးရနိုင်မလဲဆိုတာ ပြန်တွေးရမှာဖြစ်ပြီး နောက်ဆုံး လေ့ကျင်ရေး ၃ရက်အတွင်းမှာတော့ သူတို့ကို ကြည့်ရတာတော့ ကျေနပ်မိပါတယ်။ စိတ်လှုပ်ရှားစရာတွေ ရနိုင်မယ့် နေရာတစ်ချို့တော့ ရှိပါတယ် ပြီးတော့ အဲဗာတန်ပရိသတ်တွေလည်း ဒီအသင်းနဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာတွေ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟုလမ်းပတ်က ပြောကြားသွားခဲ့ပါတယ်။

#အဲဗာတန် #လမ်းပတ်