ရှေ့သို့
Image

ယနေ့ညပွဲအပြီး ယူနိုက်တက် ကစားသမားတွေနဲ့ အင်္ကျီလဲလှယ်ခွင့်ကို မစ်ဒယ်ဘရော့နည်းပြ ပိတ်ပင်

10:12 AM, 4 February

ခရစ္စ ဝိုက်ဒါက ယနေ့ည အက်ဖ်အေဖလားပွဲအပြီး မစ်ဒယ်ဘရော့ ကစားသမားတွေကို ရော်နယ်ဒို အပါအဝင် ယူနိုက်တက်ကစားသမားတွေနဲ့ အင်္ကျီချင်းလဲလှယ်မှုကို ပိတ်ပင်ထားကြောင်း သိရပါတယ်။ မစ်ဒယ်ဘရော့ အသင်းဟာ ယနေ့ည အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဝိုက်ဒါက မစ်ဒယ်ဘရော့ အနိုင်ရရှိတာက အကြီးမားဆုံး surprise မဟုတ်ပေမဲ့ အသင်းလူစာရင်းကို မြင်လိုက်ရင် ကြောက်မသွားဖို့ လိုတယ်လို့ ဝန်ခံခဲ့ပါတယ်။ အလားတူ ဝိုက်ဒါက မစ်ဒယ်ဘရော့ဟာ အိုးထရက်ဖို့ဒ်ကို အလှကြည့်ဖို့ လာမှာမဟုတ်ဘူးလို့ ယူနိုက်တက်ကို သတိပေးခဲ့ပါတယ်။

ဝိုက်ဒါက “အဝတ်လဲခန်းထဲ ရောက်ရင် လူစာရင်းထွက်လာမှာ ဖြစ်ပြီး အဲ့ဒီမှာ ဒီဂီယာ၊ ဗာရာနီ၊ မက်ဂွါရီတို့ ပါလာမှာပါ။ အဲ့ဒီအခါကျ ကြောက်မသွားဖို့ လိုပါတယ်။ သူတို့မှာ အသင်းတွေကို ဒုက္ခပေးနိုင်တဲ့ တစ်ကိုယ်တော် စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ တကယ့်ကို အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာပါ”“ဒါပေမဲ့ ကျွန်တော်တို့ ကစားသမားတွေကတော့ အလှကြည့်ဖို့ သွားတာ မဟုတ်ပဲ ဘာမှ အင်္ကျီချင်းလဲစရာ မလိုပါဘူး။ အိုးထရက်ဖို့ဒ်ကို အပျော်သွားတာမျိုး ကျွန်တော် မမြင်ချင်ပါဘူး”

“သူတို့ လဲချင်ရင် ပွဲအပြီး အဝတ်လဲခန်းထဲ လဲနိုင်ပါတယ်။ သူတို့ကို ဆယ်လီလိုမျိုး ကြည့်တာ မမြင်ချင်ပါဘူး။ သူတို့က ပြိုင်ဘက်အနေနဲ့ လာတာပါ”“သူတို့ ကောင်းကောင်း ကစားနိုင်တာ လိုချင်ပါတယ်။ အကောင်းဆုံး ကစားပြီး ယူနိုက်တက်အတွက် အန္တရာယ်များတဲ့ ပွဲ၁ပွဲ ဖန်တီးပေးချင်ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် ယူနိုက်တက်အတွက် သက်သောင့်သက်သာ ရှိမယ့် ညတစ်ည မဖြစ်နိုင်တော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #အက်ဖ်အေဖလား #မစ်ဒယ်ဘရော့စ် #ခရစ္စဝိုက်ဒါ