ရှေ့သို့
Image

လမ်းပတ်က သူ့ကို ခြေစွမ်းကောင်းတွေ ပြန်ရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ အယ်လီယုံကြည်နေ

12:33 PM, 3 February

ဒယ်လီ အယ်လီက အဲဗာတန်ကို ပြောင်းရွှေ့ကာ နည်းပြ လမ်းပတ်နဲ့ အလုပ်လုပ်ရခြင်းက ပြီးပြည်စုံတဲ့ တွဲဖက်မှု  ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

တော့တင်ဟမ်မှာ ကာလရှည် ချန်လှပ်ခံခဲ့ရပြီးနောက် ၂၅နှစ်သားဟာ နောက်ဆုံးမှာတော့ သူ့ကို လိုအပ်တဲ့ အသင်းက ခေါ်ယူခဲ့တယ်လို့ ခံစားရကြောင်း ဖွင့်ဟခဲ့ပါတယ်။ အယ်လီဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အဲဗာတန်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း၄၀ထိ ဖြစ်သွားနိုင်တဲ့ ကြေးတစ်ခုနဲ့ ရောက်လာခဲ့တာပါ။

အယ်လီက “ဖရန့်ခ်က အံ့အားသင့်စရာ နည်းပြတစ်ဦးဖြစ်သလို လူတော်၁ဦးလည်း ဖြစ်ပါတယ်။ သူ ကျွန်တော့်ကို ကစားသမား၁ယောက်အနေနဲ့ ကောင်းကောင်းသိပြီး သူ့ရဲ့ နည်းစနစ်တွေ၊ သူ့အသင်းတွေက ဘယ်လို ကစားတယ်ဆိုတာကို ကျွန်တော် သိထားပါတယ်”

“သူ့ဆီကနေ ကျွန်တော် အများကြီး သင်ယူနိုင်ပါတယ်။ သူ ကွင်းလယ်ကနေ ဂိုးတွေအများကြီး သွင်းခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီအကြောင်း သူ့ကို မေးသွားမှာ ဖြစ်ပြီး သူ ကွင်းထဲက အကြောင်းတွေ၊ သူ့အရည်အချင်းနဲ့ ဘယ်လိုကစားခဲ့တယ်ဆိုတာတွေ မေးသွားမှာပါ။ သူနဲ့ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုလို့ ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#အဲဗာတန် #အပြောင်းအရွှေ့ #လမ်းပတ် #အယ်လီ