ရှေ့သို့
Image

လေ့ကျင့်ရေးမှာ မြင်တွေ့ရတဲ့ ခြေစွမ်းတွေကြောင့် မာတီနယ်လီဟာ ထိပ်တန်းအဆင့်သို့ ရောက်နိုင်တယ်လို့ ဆိုလိုက်တဲ့ ဝီရှိုင်းယား

9:49 AM, 3 February

အာဆင်နယ်လူငယ်ကြယ်ပွင့် မာတီနယ်လီဟာ ကလပ်အတွက် ထိပ်တန်းကစားသမား ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပြီး ၎င်းအပေါ် နည်းပြအာတီတာရဲ့ ကိုင်တွယ်ပုံတွေကို ကျေနပ်သဘောကျလျက် ရှိပါတယ်။

အသက်၂၀အရွယ်သာ ရှိသေးတဲ့ မာတီနယ်လီဟာ ၂၀၂၀ ဂျွန်လက ပြင်းထန်တဲ့ ဒူးဒဏ်ရာရခဲ့တာကြောင့် ၆လခန့် နားနေရပြီး ပြန်ကစားနိုင်ရာတွင် ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားထားတဲ့ ၇ ပွဲတွင် ၆ဂိုး သွင်းယူပြီး ၂ဂိုးဖန်တီးထားနိုင်ကာ အာတီတာရဲ့အသင်းမှာ အားကိုးရမယ့် ကစားသမားအဖြစ် ပေါ်ထွက်လာပါတယ်။ တဖက်မှာလည်း လေ့ကျင့်ရေးတွင် မာတီနယ်လီရဲ့ ခြေစွမ်းကို တွေ့မြင်ထားရတဲ့ ဝီရှိုင်းယားက ကစားသမားရဲ့ ပရိသတ်တစ်ဦး ဖြစ်လာနေပါတယ်။

“ထင်ရှားတဲ့သူတွေကတော့ အားလုံးလည်း သိကြတဲ့ ဘူကာယို (ဆာကာ)၊ အီမေးလ် (စမစ်ရိုဝီ)တို့ပါပဲ။ သူတို့အခြေချနေတဲ့ အဆင့်အတန်းကို သင်တို့လည်း မြင်တွေ့ထားပြီးပြီလို့ထင်ပါတယ်။ အပတ်တိုင်းမှာ သူတို့ စွမ်းဆောင်ရည်တွေကို တည်ငြိမ်အောင် ကစားပြနေတယ် သူတို့ကိုလည်း ယုံကြည်တဲ့ မန်နေဂျာလည်း ရထားတယ် အာဆင်နယ်မှာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကစားသမားဆိုရင် ငါလည်း အသက်ဘယ်လောက်ငယ်နေပါစေ အခွင့်အရေးရမယ်လို့ယူဆကြမှာပါ”

“ရက်စ် အလုပ်ကြိုးစားရမယ်။ ကိုယ်တိုင် သက်သေပြရပါမယ်။ ဒါပေမဲ့ လူငယ်တွေကို ယုံကြည်တယ် ငယ်ရွယ်တဲ့အသင်းကို တည်ဆောက်ချင်တဲ့ နည်းပြနဲ့အတူ သူတို့ အားလုံးမှာ အခွင့်အရေး ရှိကြပါတယ်။ ကျွန်တော် ပြောခဲ့ဖူးသလို လူငယ်တွေမှာ တည်ငြိမ်မှုက ရှားပါးပါတယ်။ လူငယ်ကစားသမားဝင်လာတဲ့အခါ ပွဲကောင်းတစ်ပွဲ ကစားရတယ်. ၃ပွဲ ၄ပွဲခန့်ဆက်တိုက်ကောင်းတယ် ဆိုတာ ရှားပါတယ်. တစ်ခါတစ်လေ ၁ပွဲ ၂ပွဲခန့် ခြေပျောက်နိုင်ပါတယ်။ ဒါပေမဲ့ အီမေးလ်နဲ့ဆာကာကျတော့ သူတို့အပတ်တိုင်း တည်ငြိမ်အောင် ကစားပြတယ် အချိန်တိုင်းလည်း သူတို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်အမှန်တကယ် ကြိုက်ပြီး ထိပ်တန်း ဖြစ်လာနိုင်တယ်လို့ထင်တဲ့သူကတော့ မာတီနယ်လီပါပဲ။  မန်နေဂျာက သူကို ကောင်းစွာ ပဲ့ကိုင်ပေးထားနိုင်ခဲ့တယ်”လို့ထင်တယ်။

ပထမဆုံး အသင်းကို “ကျွန်တော်စရောက်တုန်းက သူ လေ့ကျင့်ရေး ဆင်းနေတယ်။ ပွဲအတွင်း မိနစ်သိပ်အများကြီး မကစားရဘူး ဒါပေမဲ့ လေ့ကျင်ရေးမှာ ကောင်းစွာ ကစားနိုင်တယ် သူ အခွင့်အရေးရတော့မယ်လို့ကျွန်တော် ထင်ခဲ့ပါတယ်။ နောက်ဆုံးမှာ တကယ်လည်း သူ အခွင့်အရေးရခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တယ်။ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို သူရခဲ့တယ်။ သူ ခြေစွမ်းက ကောင်းခဲ့ပြီး နေ့တိုင်းလည်း အဲဒီလို လေ့ကျင်နေတာပါ”ဟု ဝီရှိုင်းယားက ပြောကြားသွားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #မာတီနယ်လီ #ဝီလ်ရှိုင်းယား