ရှေ့သို့
Image

ဗန်ဒီဘိခ်ကို ယူနိုက်တက်က မှန်ကန်စွာ အသုံးမပြုခဲ့ဘူးလို့ ဂျက်စတန်းဆို

3:35 PM, 2 February

ကစားသမားဟောင်း ဂျက်စတန်းက မန်ချက်စတာယူနိုက်တက်မှာ ဗန်ဒီဘိခ် ရုန်းကန်ခဲ့ရတဲ့ အကြောင်းရင်းကို ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

၂၀၂၀က ပေါင်၃၅သန်းဖြင့် ယူနိုက်တက်ထံ ပြောင်းလာသော်လည်း မျှော်လင့်ထားသလို ခြေစွမ်း မပြနိုင်ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ နည်းပြဟောင်း ဆိုးလ်ရှားနှင့် လက်ရှိ ရန်းနစ်လက်အောက်အထိ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပွဲထွက်ခွင့်မရတဲ့အတွက် ဇန်နဝါရီအပြောင်းအရွှေ့တွင် အဲဗာတန်သို့အငှားထွက်ကစားခဲ့ရပြီး ယူနိုက်တက်ဟာ နယ်သာလန်သားရဲ့ အရည်အသွေးတွေကို ကောင်းစွာ အသုံးမချတတ်ခဲ့တာ ဖြစ်တယ်လို့စတန်းက ပြောပါတယ်။

“သူရဲ့ အရည်အသွေးတွေနဲ့ဆိုရင် ဒွန်နီက အေဂျက်နှင့် နယ်သာလန်လိဂ်အတွက် ပြည့်စုံမှု ရှိခဲ့တာပါ။ ဒါပေမဲ့ ဒွန်နီက ယူနိုက်တက် ကစားတဲ့ ဟန်နဲ့မကိုက်ခဲ့ပါဘူး။ အဲဗာတန်မှာ သူ ပွဲကစားခွင့် ပြန်ရလာပါစေလို့မျှော်လင့်ပါတယ်”ဟု ဆိုသည်။

ဆက်လက်ပြီး ဗန်ဒီဘိခ်ကိုသာ boxtobox ကစားခိုင်းမယ်ဆိုရင် သရဲနီတွေအနေနဲ့ အကျိုးအမြတ်ရခဲ့နိုင်တယ်လို့ စတန်းက အတည်ပြုပါတယ်။

“မန်နေဂျာက သူကို ကွင်းလယ်ခံစစ်သမား ၂ယောက်ထဲက တစ်ယောက်အဖြစ် ထားဖို့ရွေးချယ်ရမှာပါ ဒါဆိုရင် သူအနေနဲ့ ကစားကွက်တည်ဆောက်ပုံမှာ ပါဝင်နိုင်ပြီး တိုက်စစ်ကိုလည်း လိုက်ပါနိုင်တယ် ဥပမာအားဖြင့် မက်တိုမီနေးနှင့် ဘရူနိုဖာနန်ဒက်စ် ရဲ့ ဘေးနားမှာ တွဲရမှာပေါ့။ သူတို့သက်သေပြတဲ့ အခွင့်အရေးနဲ့တော့ အများကြီး မူတည်တာပေါ့။ ဒွန်နီက အလုပ်ကြိုးစားခဲ့တယ် ပြေးလွှားမှု အများကြီး လုပ်တယ် ဘောလုံးကစားတာလည်း ကောင်းတယ် သူနဲ့အတူ သင်ပြောင်းလဲမှု လုပ်လို့ရတယ် ခံစစ်တွင် ကစားကွက်ဖော်ရာမှာ သူ ကူညီပေးနိုင်ပြီး boxtobox လည်း ကစားနိုင်ပါတယ် သူအနေနဲ့ အဲဒီနေရာမှာ ကစားခွင့် မရခဲ့တာပါ”

ယူနိုက်တက်မှာ ၁၉၈၈ကနေ ၂၀၀၁ခုနှစ်အတွင်း ကစားကာ အဓိက ဆုဖလား၃လုံး ရယူရာတွင် ကူညီပေးခဲတဲ့ စတန်းက ယူနိုက်တက်မှာ ဗန်ဒီဘိခ် အနာဂတ်တွင် နေရာပြန်ရလာမယ်လို့ ယုံကြည်နေပါတယ်။

“အတွေးအခေါ်မရှိတဲ့ ရူပ်ယှတ်ခတ်ပြီး စိတ်ကူးကောင်းမရှိတဲ့ နည်းပြက ပြဿနာ ဖြစ်နေတယ်။ ဒါကလည်း ဗန်ဒီဘိခ်ကို ထိခိုက်စေတယ်။ သူမှာ မန်ချက်စတာယူနိုက်တက်တွင် ရေရှည်သွားပြီး အောင်မြင်နိုင်တဲ့ အရည်အသွေးများစွာ အမှန်တကယ် ရှိတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။ #မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ် #ဂျက်စတန်း